"အကြီးအကဲကိုအရိုအသေပြုပါတယ် "
မေဘယ်လ့်ရဲ့ အသံဟာ တုန်လှုပ်ချင်းအလျဉ်းမရှိပါ
ဘဲ ဒူးတစ်ဖက်ထောက်ပြီးအရိုအသေပေးလိုက်သည်။
အကြီးအကဲဟာ မေဘယ်လ်တို့မျိုးနွယ်စုရဲ့အမြင့်ဆုံး
သူဖြစ်ပြီး မျိုးနွယ်စု၏မည်သူမျှမလေးမစားမလုပ်ရဲ။"ဟုတ်ပြီ။ ဘာထူးလဲ "
တင့်တယ်ပြီး ဩဇာအပြည့်ရှိသည့်အသံသည်
ကျယ်ပြောလှသည့်ခန်းမကြီးတစ်လျှောက်လွင့်ပျံလာ
တော့ သက်ရှိသက်မဲ့တို့ဟူသရွေ့သည် ခေါင်းငုံ့မိလျက်သား။"သွေးရိုင်းနွယ် မျိုးနွယ်စုကလူအချို့ကလည်း
သူ့နောက်လိုက်နေပါတယ်။ ဒါကြောင့် ဒီငယ်သားရဲ့အိမ်မှာ ခေါ်ထားပါတယ်အကြီးအကဲ""ဟုတ်ပြီ၊ ကောင်းတယ်။ "
"ဒီငယ်သားက အတင့်ရဲပြီးတစ်ခုလောက်မေးခွင့်ရှိပါသလား။ "
"အင်း "
မေဘယ်အမြဲတွေဝေနေရတဲ့ ကိစ္စတစ်ခုကို
ထုတ်မေးဖို့အခွင့်အရေးကိုအပြည့်အဝအသုံးချလိုက်
သည်။"အကြောင်းပြချက်ကိုသိခွင့်ရှိမလား အကြီးအကဲ "
ခန်းမကျယ်ကြီးသည်တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ မေဘယ်လ်သည် ခန်းမကြီး၏ လျှောက်လမ်း
အဆုံးနားတွင်ရပ်နေတာဖြစ်ပြီး လျှောက်လမ်းအဆုံး
ရှိ ပုလဲလုံးကြိုးတွေနှင့်ကာထားသည့်
ပုလ္လင်ထက်က အကြီးအကဲ၏ ဝိုးတဝါးပုံရိပ်သည်
တစ်ချက်လှုပ်ရှားသွားသည်။ မေဘယ်လ်သည်
ထိုအခြေအနေကိုမိမိရရဖမ်းဆုပ်မိလိုက်ပြီး
နှုတ်ခမ်းတို့ကိုကွေးတက်အောင်ပြုံးလိုက်သည်။သေချာပေါက်တစ်ခုခုရှိနေတာပဲ။
"ဒီငယ်သားက အတင့်ရဲမိသွားပါတယ်။
ခွင့်လွှတ်ပါအကြီးအကဲ ""မင်းရဲ့တာဝန်က သူ့ကို အခြားမျိုးနွယ်စုတွေရန်ကနေကာကွယ်ပေးရုံပဲ။ အကြောင်းအရင်းကတော့ မင်းသိဖို့မလိုဘူး။ ဒါကိုပဲသိထားပါ။ သွားနိုင်ပြီ"
"ခွင့်ပြုပါအကြီးအကဲ "
မေဘယ်လ်သည် နောက်ဆုံးတစ်ခေါက်အရိုအသေပြု
ကာထိုနေရာမှ အေးစက်စက်အပြုံးတစ်ခုနှင့်ထွက်ခွာ
လာတော့သည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasiaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...