"မင်းတို့တွေ! "
"ဟုတ်တယ်ငါတို့တွေ။
ဘာလို့အဲ့လောက်ထိလန့်နေရတာလဲ "မေဘယ်လ်ရဲ့ပုခုံးကိုပုတ်လိုက်ပြီး ပြုံးပြုံးလေးပြော
လာသည့် ကောင်မလေး။ ထိုကောင်မလေးသည်
ရှင်းရှိရာဘက်ကို လှစ်ခနဲပြေးဝင်ကာထိုင်တော့သည်။"Hello! Nice to meet you girl "
"Nice to meet you too"
ရှင်း ရဲ့လက်ကိုဆွဲယူပြီး နှုတ်ဆက်နေတဲ့သူမက
တက်တက်ကြွကြွရှိလှသည်။ ရှင်းသည်လည်း
ပြုံးပြုံးလေးနှင့်ပြန်နှုတ်ဆက်လိုက်သည်။[ ဇာတ်ကောင်အသစ်ပေါ်ထွက်မှု = စဝ်လွန်း နှင့် စဝ်သွန်း။]
မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် မေဘယ်လ်ရဲ့
မျက်နှာအခြေအနေကတော့သိပ်မကောင်းလှ။
အရှုပ်အထုတ်တစ်ယောက်နဲ့ခေါင်းတော်တော်ကျိန်း
နေပြီဖြစ်ရာ နောက်ထပ်အရှုပ်နှစ်ယောက်ပါထပ်
ပေါင်းဆိုရင် မေဘယ်လ် ရူးသွားလိမ့်မည်။"မင်းတို့တွေက ဘယ်လိုရောက်လာတာလဲ။
အကြီးအကဲပြောတော့ သွေးနီရပ်ဝန်းမှာရောက်နေတယ်ဆို။ ""နောက်မှမေး ။ အရင်မိတ်ဆက်ပေးအုံး။ "
မေဘယ်လ် ရဲ့လက်မောင်းကို အားနည်းနည်းပါအောင်
သုံးပြီးထိုးလိုက်တဲ့ ကောင်လေးကြောင့် မေဘယ်လ်ဟာမျက်နှာမသာမယာနှင့်မိတ်ဆက်ခြင်းအမှုကိုစရတော့သည်။"ဒါက စဝ်သွန်း နဲ့ စဝ်လွန်း ။ မြင့်မြတ်သွေးမျိုးနွယ်စု ရဲ့ သခင်လေးနဲ့သခင်မလေး။ မင်းဘေးနားက တစ်ယောက်က စဝ်သွန်း ။ ဒီကောင်က စဝ်လွန်း ။ အမွှာတွေ။ "
မေဘယ်လ်က တိုတိုနှင့်လိုရင်းကို မိတ်ဆက်ပေးသွား
ခဲ့၏။ ရုပ်ချင်းတူပါတယ်မှတ်တာ အမွှာဖြစ်နေသည်
တဲ့။"သူက ရှင်း။ "
"လှတယ်နော်။ လူရော နာမည်ရော။
ရီးစားရှိလား။ မရှိရင် တွဲရအောင်။ "လေးထောင့်ပုံစားပွဲတွင် မေဘယ်လ့်ဘေး
ရှင်းရဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် စဝ်လွန်းဆို
သူကပြောလာတော့ ရှင်းတောင် လန့်သွားမိသည်။
သို့သော် ခနချင်းပင် စဝ်သွန်းက စဝ်လွန်းရဲ့ ခေါင်း
အားပိတ်ရိုက်ချလိုက်တော့သည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantastikလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...