40

1.7K 257 18
                                    

ပုန်ကန်ခြင်း (2)



အခုတလော ရှင်းတွင် အဖြေရှာမရသော ပုစ္ဆာတစ်ခုရှိနေသည်။ တကယ်တော့ ဒီမေးခွန်းကို mirror night ကာလကတည်းကမေးချင်နေခဲ့တာဖြစ်သည်။

ဇလပ်ဝါ ရောက်ရှိနေသောဝတ္ထုသည် ရှေးမကျပါ။ သဘာဝလွန်စိတ်ကူးယဥ်ဝတ္ထုဖြစ်ပါသော်ငြား 21 ရာစုတွင်အခြေတည်ပြီးရေးဖွဲ့ထားသည်ပင်။ သို့ပါသော်ငြား အချို့အချက်အလက်များသည် 21 ရာစုနှင့်လုံးဝလုံးဝမအပ်စပ်ပါချေ။

မေးခွန်းသည်ကား။
21 ရာစုဖြစ်ပြီး တိုက်ခိုက်တဲ့အခါ ဘာလို့ ဓားတို့၊ လေးတို့ကိုသာသုံးကြပါသနည်း။ ရှင်းသတိထားမိသမျှကတော့ သေနတ်ဆိုတဲ့အရာကိုမြင်တောင်မမြင်ရ။ စစ်ပွဲဖြစ်ခဲ့တုန်းကလည်း ကိုယ်ပိုင်လက်နက်များဖြင့်သာ တိုက်ပွဲဝင်ခဲ့ကြ၏။ တကယ်ဆို စစ်လက်နက် တွေသုံးပြီးတိုက်ရင် စစ်ပွဲကကြာကိုမနေဘူး။ ဒါကို အရင် ပုဂံခေတ်တို့ ၊ တောင်ငူခေတ်တို့လို လေးနဲ့မြှား ၊ လှံ၊ တုတ် တွေနဲ့မျက်နှာချင်းဆိုင်ချနေမှတော့ ဘယ်နှယ့်ကြားမကောင်း။ စာရေးသူက ဒီလောက်ဇာတ်အိမ်ကြီးကိုတည်ပြီးကာမှ ဒီလိုအချက်ကိုတော့မစဥ်းစားခဲ့မှာမဟုတ်နိုင်ရာ။

ရှင်းသည် System ကိုလည်းမမေးချင်ပါ။ ကိုယ်ပိုင် function ပွင့်ပြီးကတည်းက ဘာမေးမေး point ပေးမှဖြေပေး၏။ system ကတအားအမြတ်ကြီးစားလွန်းလှသည်။ သူတောင်းတဲ့အမှတ်ကလည်းနည်းနည်းလေးမဟုတ်။ တော်ပါပြီ။ သိချင်တာရှိရင် မေဘယ်လ့်ကိုမေးရင်သိနိုင်ပါ၏။

ရှင်း သည် အိပ်ရာပေါ်လူးလှိမ့်နေရင်းမှ ခြံထဲသို့ဆင်းလာလိုက်သည်။ ကော်ဖီဆိုင်မှထွက်ပြီးကတည်းက အလုပ်ဟူ၍ မယ်မယ်ရရမရှိတော့သော ရှင်းသည် ဟို​ယောင်ယောင်သည်ယောင်ယောင်နှင့် မေဘယ်လ့်လုပ်စာထိုင်စားနေရချေတော့သည်။ အချိန်သည်ကား ညနေစောင်းနေလေပြီ။ နွေရာသီဥတု၏ လေနွေးနွေးက ပါးပြင်တစ်လျောက်ပွတ်သပ်သွားလေတော့ ရှင်းမျက်ဝန်းကိုမှိတ်လို့ လေပြည်နှင့်အတူပါလာသော ဆားနံသင်းသည့်လေကိုရှူရှိုက်မိလိုက်သည်။ ထိုသို့ဆိုမှ ရှင်း ကိစ္စတစ်ခုအားမေးရန်မေ့နေကြောင်းသတိရလေ၏။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now