တို့သားအမိတွေအိမ်ပေါ်ကဆင်းကြမယ်!
ခန်းမကျယ်ကြီးအလယ်တွင် လူအပေါင်းမှာချွေးဒီးဒီးကျနေရှာသည်။ တကယ်တော့ဖြင့် ယူရိုတိုင်းပြည်ကြီးက ယခုဆောင်းဦးပင်ဝင်နေပြီ။ ဒါဖြင့်ရင် အဘယ်ကြောင့် လူအပေါင်းကချွေးပြန်နေရသနည်းဆိုသော် ပုလ္လင်ထက်တွင်မိန့်မိန့်ကြီးထိုင်လို့ စိတ်အခြေအနေမကောင်းသည့်အကြီးအကဲကြောင့်ပင်။
မေဘယ်လ့်မျက်နှာက မသာမယာ။ အံတကျိတ်ကျိတ်၊ သက်ပြင်းတစ်ချချနှင့်ပင်။ မေဘယ်လ့်ဘေးက ကြင်ယာတော်ထိုင်နေကျ နေရာသည်လည်း ယနေ့တွင်တော့လွတ်နေသည်။ အနီးအနားဘေးတစ်ဖက်ဆီ၌ စဝ်သွန်းနှင့်စဝ်လွန်းသည်လည်းမရှိ။ ထို့အတွက် မေဘယ်လ့်ပုံက သစ်ခက်သစ်ရွက်စိုးစဥ်မျှမရှိဘဲ တစ်ပွင့်တည်း ထီးထီးကြီးပွင့်လန်းနေသည့်တော်ဝင်ပန်းတစ်ပွင့်သဖွယ်။ လှပသော်ငြား မထိကိုင်ဝံ့။ အထီးကျန်ဆန်နေသလိုလို...။ ကျိန်စာပဲသင့်နေသလိုလို။
"ဘယ်သူဝှက်ပေးထားသလဲ "
ဒီလောက်ပင်။ မေဘယ်လ်ပြောသည်ကသည်လောက်ပင်။ ဘယ်သူဝှက်ပေးထားပါသလဲတဲ့။
"မပြောရဲကြဘူးပေါ့။ ဒါဆို မေးခွန်းပြောင်းမေးမယ်။ ဘယ်သူခြိမ်းခြောက်ခံထားရသလဲ "
ထပ်မံ၍ မည်သူ့ထံကမျှအသံမထွက်လာသေး။ မေဘယ်လ် စိတ်ကိုအဆုံးထိလျှော့ချထားရချေသည်။ ဟုတ်တာပေါ့ ခြိမ်းခြောက်ခံထားရရင်ဘယ်သူကပြောရဲပါ့မလဲ။ သူ့မျိုးနွယ်စုဝင်တွေက အကြီးအကဲထက် ကြင်ယာတော်ကိုပိုကြောက်ကြတဲ့လူတွေဆိုတော့..။
"ဟုတ်ပြီ။ နောက်ဆုံးတစ်ခုထပ်မေးမယ်။ ကြင်ယာတော်နဲ့ ရင်သွေးတော်တွေကို ဘယ်နေရာမှာတွေ့မိသေးလဲ "
တိတ်ဆိတ်နေမြဲ။ မေဘယ်လ့် သည်းခံစိတ်ကဂိတ်ဆုံးသွားလေပြီ။ အံကိုကျိတ်လို့ လက်သီးဖြင့်ပုလ္လင်ကို 'ဝုန်း' ခနဲမြည်အောင်ထုလိုက်တော့ အရင်ကတည်းမှဒူးတုန်နေကြသောလူအပေါင်းမှာ ဒူးထောက်ချမိမတတ်ဖြစ်သွားတော့သည်။ အကြီးအကဲက ကျန်တဲ့နေရာမှာသာ အေးဆေးတည်ကြည်တာ။ ကြင်ယာတော်နဲ့ ရင်သွေးတော်တွေအတွက်ဆိုရင် သွေးပူလွယ်လွန်းသည်ပင်။
![](https://img.wattpad.com/cover/267013479-288-k275024.jpg)
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasiaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...