48

1.7K 247 17
                                    

စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်း (1)










မဂ်လာပွဲပြီးနောက်တစ်နေ့တွင် ဇာမဏီ မျိုးနွယ်စု ထံမှ တရားဝင်တောင်းပန်စာနှင့်အတူ မဟာမိတ်ဖွဲ့ရန်အရိပ်အမြွတ်ပါသည့်ပြန်ကြားလွှာတစ်ခုရခဲ့သည်။ အများစုကတွေးနေနိုင်သည်။ ဆက်ခံသူတစ်ယောက်လုံးအသတ်ခံထားရတာတောင် မဟာမိတ်ဖွဲ့ချင်သေးသလားဟု။

အဖြေသည်ကားရိုးစင်းပါသည်။ ဆက်ခံသူ တစ်ယောက်သေသွားလျှင် နောက်တစ်ယောက်ထပ်ပြီးတင်မြှောက်နိုင်တယ်။ ဒါက တစ်ယောက်တည်း၏အသက်ပင်။ နောက်ပြီး အရင်စမှားခဲ့သူမှာ မိမိတို့မှန်၏။

ဒီလိုတွေးကြပါစို့။ ကိုယ်ကအရင်အမှားလုပ်မိပြီး အမှားလုပ်ခဲ့သူက ဆက်ခံသူဖြစ်လို့ သူ့ကိုကာကွယ်ပေးရင်း မျိုးနွယ်စုတစ်ခုလုံး အငြှိုးထားခံရမည့်အစား၊ အမှားမှန်းသိကြောင်းလက်ခံပေးပြီး ထိုအင်အားကြီးမျိုးနွယ်စုထံချဥ်းကပ်လို့ အကောင်းမြင်ခံရသည်ကပိုကောင်းသည်။ တစ်ချိန်ချိန်တွင် ရွေးချယ်ရမည့်ကိစ္စရပ်ကို ခပ်စောစောလေးရွေးချယ်လိုက်ရုံပါပဲ။ (A/N သူပြောတဲ့အဓိပ္ပါယ်က စစ်ပွဲဖြစ်လာခဲ့ရင် အင်အားကြီးမျိုးနွယ်စုတစ်ခုနဲ့မဟာမိတ်ဖွဲ့ကိုဖွဲ့ရမယ့်ရွေးချယ်မှုကို မထူးဇာတ်ခင်းပြီး မြင့်မြတ်သွေးမျိုးနွယ်စုရဲ့မဟာမိတ်အဖြစ်ပဲအခုကတည်းကရွေးလိုက်တာကိုပြောတာပါ)

မေဘယ်လ် က တော့ မဂ်လာပွဲပြီးသွားသည်နှင့် အကြီးအကဲတာဝန်ကိုယူလို့ မအားလပ်နိုင်ရှာပေ။ အကြီးအကဲအဟောင်းရှုပ်ခဲ့သည့်ဇာတ်လမ်းများက တော်ရုံများသည်မဟုတ်။

တကယ်တမ်းဆိုပါက သွေးနီရပ်ဝန်း၏ ဥာဏ်ပညာပုလဲပျောက်ဆုံးမှုဖြစ်စဥ်သည် မြင့်မြတ်သွေးမျိုးနွယ်စုနှင့် လုံးဝပင်မသက်ဆိုင်ပါသော်ငြား သူလုပ်ခဲ့သည့်ကိစ္စရပ်များကြောင့် သို့လော ၊ သို့လောနှင့် ယခုထက်တိုင် မြင့်မြတ်သွေးမျိုးနွယ်စုအပေါ်သံသယဝင်နေကြဆဲဖြစ်ချေ၏။

မျိုးနွယ်စုအားကိုသုံး၍ အခြားမျိုးနွယ်စုတွေအပေါ်ကြီးနိုင်ငယ်ညှင်းပြုသည်ဟူသော အချက်သည်ပင် ပို၍အားကောင်းလာသေး၏။ ထားပါတော့လေ။ ဒါက မေဘယ်လ့်အတွက် သိပ်ကိစ္စမရှိပါချေ။ အမှားအမှန်ကိုသဲသဲကွဲကွဲသိသော အနည်းငယ်သော အချို့မျိုးနွယ်စုများမှာတော့ မေဘယ်လ့်ထံ သံတမန်ရေးရာစကားများကမ်းလှမ်း၍တစ်မျိုး၊ အပြုသဘောဆောင်သည့် ပဏ္ဍာများဆက်သ၍တစ်ဖုံ မြင့်မြတ်သွေးမျိုးနွယ်စုနှင့်မဟာမိတ်ဖွဲ့ချင်ကြောင်း သွယ်ဝိုက်၍သိစေ၏။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now