အကြီးအကဲမထင်ထားခဲ့သည့်အရာသည်ကား
ထိုအစီအရင်သည် ပျက်ပြယ်သွားလိမ့်မည်ဟူသည့်
အရာသည်ပင်။ မေဘယ်လ့်ထံ ရှိနေသော
အဆိုပါအစီအရင်သည် mirror night ကာလ
အတွင်း ရှင်းကြောင့် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။မေဘယ်လ် သည် စီးကရက်တစ်လိပ်ကိုထုတ်လိုက်ပြီး
နှုတ်ခမ်းနှစ်လွှာကြားဖိကိုက်ထားလိုက်၏။
လေတိုက်ရာဘက်သို့လက်နှင့်ကာပြီး အခြားလက်တစ်
ဖက်ဖြင့်မီးခြစ်အား ချောက် ခနဲမြည်အောက်ဖွင့်လိုက်
သည်နှင့် စိမ်းပြာရောင်ရောယှက်နေသော မီးတောက်
တစ်ခုကထွက်ပေါ်လာပြီး စီးကရက်အဖျားသို့လောင်
ကျွမ်းစေလိုက်သည်။စီးကရက်အငွေ့တို့အား ခပ်ပြင်းပြင်းတစ်ချက်
ရှိုက်သွင်းလိုက်ပြီး မျက်ဝန်းတို့ကိုဖိမှိတ်ထားလိုက်၏။
နွေဦး၏လေပြည်သည် မေဘယ်လ်၏ ပါးပြင်အား
ခပ်နွေးနွေးပွတ်တိုက်သွားချေ၏။ လေပြည်နှင့်အတူ
မေဘယ်လ် ရှူထုတ်လိုက်သော စီးကရက်ငွေ့တို့သည်
လေနှင်ရာလွင့်လျက်သား...။မေဘယ်လ်သည် အိုဟောင်းလုပြီဖြစ်သော
တံတား လက်ရန်းပေါ်သို့ လက်နှစ်ဖက်လုံးဖြင့်ထောက်
ကာ မြစ်ပြင်ကျယ်ကြီးအား ငေးမောမိသည်။
ညာဘက်လက်ကြားထဲညှပ်ထားသော
စီးကရက်သည်ကား လေတစ်ချက်ဝေ့တိုက်လိုက်တိုင်း
ပို၍ ပို၍ လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားချေသည်။ဤနေရာတွင် ကိုယ့်ကိုယ်ကို သက်သေဖို့ကြိုးစားခဲ့
တဲ့ အမျိုးသမီးငယ်တစ်ယောက်ကိုတွေးမိတော့
ခေါင်းငုံ့ကာသဘောတကျနဲ့ပြုံးမိသည်။ထိုအချိန်အခါတုန်းက ချိတုန်ချတုန်ဖြင့်
လက်ရန်းပေါ်ကပ်တွယ်နေတဲ့သူ့ပုံလေးကို
မှတ်မိပါသေးတယ်။ ငိုထားလို့ထင်ရဲ့ ၊ မို့အစ်နေတဲ့
မျက်ဝန်းအောက်က သလင်းဝါရောင် မျက်ဝန်းတွေ
ကိုတမေ့တမောငေးမောမိတဲ့အချိန်တွေပေါ့။'မေဘယ်လ်။ မင်းရဲ့တာဝန်ကိုအကောင်းဆုံးကျေပွန်ခဲ့ပါပြီ။ ဒါကြောင့် မင်းရဲ့တာဝန်ကိုနောက်တစ်ပတ်ကစပြီး ဆက်လက်ထမ်းဆောင်ရန်မလိုတော့ပါ။ ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုမှ ရှင်းအား အကြီးအကဲထံလွှဲပြောင်းပေးရန်ပြင်ဆင်ပါလော့။
အမိန့် (အကြီးအကဲ)'
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantastikလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...