22

2.5K 360 15
                                    

"ဟူး.... !"

ဘယ်နှကြိမ်မြောက်မှန်းမသိသည့် သက်ပြင်းချသံက
ရုံးခန်းထဲတွင်ပျံလွင့်လျက်။ ရှင်းသည် ပျင်းလွန်းလို့
အရည်ပင်ပျော်ချင်နေပြီဖြစ်သည်။

"ဟူး.. !"

မေဘယ်လ် သည်မသိချင်ယောင်ဆောင်ထားဆဲ။
ရုံးခန်းထဲမယ် သက်ပြင်းချသံမကလို့ မိုးကြိုးပင်
ဝင်ပစ်သွားပါစေ သူ့အလုပ်မဟုတ်သည့်အတိုင်း
အရှေ့ရှိ ကွန်ပျူတာကိုသာ ပေါက်ထွက်မတတ်ကြည့်
နေလေသည်။

"ဟေ့ အမကြီး! ပျင်းတယ်လို့ဆို "

ငြူစူစူ ဘောက်ဆတ်ဆတ်လေးထွက်လာတဲ့
ရှင်းအသံကြောင့် မေဘယ်လ် တစ်ချက်မျှအကြည့်ပို့
ပေးလိုက်သည်။ နာရီဆီတစ်ချက်ကြည့်လိုက်တော့
4 နာရီခွဲတော့မည်။

"ခနလေးစောင့်အုံး။ ပြီးခါနီးပြီ "

"ဒါပေမယ့် တစ်မိနစ်လေးတောင်မစောင့်နိုင်တော့ပါ
ဘူးဆို "

"ငါးမိနစ် ပဲ။ ရေနေလိုက် ငါးမိနစ်ပြီးရင်ပြီးပြီ "

"ဟာ့..တွေ့လား "

ဆူဆူအောင့်အောင့်နှင့်ပင် နာရီလက်တံတွေကို
နောက်ပြန်ရေတွက်နေလိုက်တော့သည်။
တစ်စက္ကန့်ချင်းကပင် တစ်နာရီလောက်ကြာနေသလို။
မေဘယ်လ်သည် လုပ်လက်စအလုပ်ကို
ငါးမိနစ်အတွင်းအပြီးသတ်နေရတော့သည်။

"ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်! ပြီးပြီ ။
ပြန်ကြရအောင် "

"အင်း "

ပြန်ရတော့မယ် ဆို၍ ရွှင်ရွှင်ပြပြလေးဖြစ်သွားသည့်
ရှင်းလက်ကို ဆွဲယူပြီး ကားရှိရာသို့လျှောက်လာလိုက်
တော့သည်။ ရာသီဥတုသည်ကား အုံ့ဆိုင်းဆိုင်းရှိလှ
သည်။ သိပ်မကြာခင်အတွင်းပင် သည်းထန်စွာရွာ
သွန်းတော့မလိုပင်။

"အိမ်မပြန်သေးဘဲ ငါနဲ့တစ်နေရာသွားရအောင် "

"ဘယ်လဲ"

"ရောက်ရင် သိလိမ့်မယ်။ "

သူ့သဘောအတိုင်း ကားလေးက ဝှစ်ခနဲပင်မြင်ကွင်းမှ
တစ်ရွေ့ရွေ့ပျောက်ကွယ်သွားတော့သည်။
တစ်ရိပ်ရိပ်ဖြတ်ပြေးလာသည့်ကားလေးသည်
ငါးမိနစ်ကျော်လွန်ပြီးသည်အထိ အရှိန်ပြင်းပြင်းနှင့်
ခရီးနှင်နေဆဲ။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now