20✴✴

3.9K 383 16
                                    

(Warning🚨 =16+ပိစိသေးသေးလေးပါပါတယ်)



"အကြီးအကဲကိုအရိုအသေပြုပါတယ် "

မေဘယ်လ်သည် ဒူးတစ်ချောင်းထောက်လို့
အရိုအသေပြုလိုက်ရင်း ပင် ဘေးတစ်ဖက်ဆီသို့
ရပ်နေလိုက်တော့သည်။ ထိုခန်းမကျယ်ကြီးထဲ၌
တစ်ဖက်တစ်ချက်ဆီ၌ မျိုးနွယ်စုထဲမှ အင်အားကြီးသူ
များနှင့် အာဏာရှိသူအချို့ လည်း ရှိနေသေးသည်။
ဒါက အခုကိစ္စသည် ပေါ့ပေါ့တန်တန်မဟုတ်ဟု
မြင်သူတိုင်းသိနိုင်လိမ့်မည်။

"အကြီးအကဲကို အရိုအသေပြုပါတယ်။ "

"အကြီးအကဲကိုအရိုအသေပြုပါတယ်။ "

တစ်ဖွဲဖွဲဖြင့် ဝင်ရောက်လာသည့် လူများသည်
အကြီးအကဲအား ဂါဝရပြုရင်းပင် ထိပ်ပိုင်း၌
မှင်သေသေနှင့်ရပ်နေသည့် မေဘယ်လ့်ထံသို့လဲ
အကြည့်တို့ကဝေ့ဝဲလျက်။ မေဘယ်လ့်ကိုအကြီးအကဲ
ကအထူးတာဝန်တစ်ရပ်ပေးထားသည် ဟူသော
သတင်းသည် မျိုးနွယ်စုအတွင်း တိုးတိုးတိတ်တိတ်
ယိုစိမ့်နေခဲ့သည်မှာကြာပြီဖြစ်သည်။

ဘာတာဝန်လဲဆိုတာကိုတော့ ဘယ်သူမျှ မမေးဝံ့။
ဒါကြောင့် သွားရင်းလာရင်း ၊ ဖြတ်သွားဖြတ်လာ
လုပ်ရင်းအကဲခတ်ကြည့်သည်အထိ
ဘာထူးဆန်းတာမှမရှိ။ ထူးခြားမှုတစ်ခုဆိုလို့
မေဘယ်လ့်ဘေး တွင် ယခုတစ်ခေါက်ရှိနေသည့်
ကောင်မလေးတစ်ယောက်ကတော့ အရင်ကောင်မလေး များလိုမဟုတ်ဘဲ တစ်လကျော်ကြာနေလေပြီ။

တို့စိတို့စိ နှင့် တွတ်ထိုးနေသည့်ထိုသူများသည်
မေဘယ်လ့်ကို တော်တော်စိတ်ဝင်စားနေဟန်ရှိသည်။

"အကြီးအကဲ။ ဒီငယ်သားတို့ကို အဆောတလျင် ဆင့်ခေါ်ရခြင်းအကြောင်းကို မေးခွင့်ရှိပါသလား။ "

မေဘယ်လ့် ရဲ့ဦးဆောင်ဦးရွက်ပြု၍မေးမြန်းမှုကြောင့်
ထိုအသံများသည် လုံးဝဥသုံ တိတ်ဆိတ်သွားတော့
သည်။ ပုလဲကြိုးကာထားသည့်ပုလ္လင်ပေါ်မှ
အကြီးအကဲ၏ တည်ကြည်၍အေးစက်သောအသံ
သည်ခန်းမကျယ်တစ်လျှောက်လွင့်ပျံလာ၏။

"ဒီမနက် အစီရင်ခံစာတစ်ခုရောက်လာခဲ့တယ်။
အနောက်ဘက်စည်းရိုးမှာ မျိုးနွယ်စုဝင်အချို့
အသတ်ခံလိုက်ရတယ်။ စုစုပေါင်း 5 ယောက်။ "

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now