24

2.4K 346 19
                                    

နေသာသော နေ့တစ်နေ့ပင်ဖြစ်သော်ငြားလည်း
ရှင်း ရဲ့ခေါင်းပေါ်၌သာကွက်၍ မိုးသည်းထန်နေသလို
ခံစားနေရသည်။ တကယ်တော့ မိုးသည်းထန်တဲ့
အဆင့်တောင်မဟုတ်ဘူး မုန်တိုင်းဝင်နေတဲ့အဆင့်ဘဲ။

ဧည့်သည်မှာထားသည့် အမေရိကာနိုကိုလှမ်းပေး
လိုက်ရင်း ဆိုင်လေး၏ ထောင့်မကျတကျနေရာတွင်
လပ်တော့တစ်လုံးနှင့်ထိုင်နေသည့် မေဘယ်လ့်ဆီ
ဘူကြည့်ကြည့်ပေးလိုက်သည်။

မြင်ပြင်းကပ်စရာကောင်းလှစွာ အလုပ်ဟူသရွေ့ကို
ရုံးမှာမလုပ်ပဲ ရှင်းရှိရာဆိုင်လေးသို့သယ်လာပြီး
သူ့အိမ်သူ့ယာလိုလုပ်နေသည်။ ခုနလေးတင်
ရုံးပြင်ပအစည်းအဝေးဟုဆိုကာ ခန်းနားကြီးကျယ်လှ
သော အစည်းအဝေးအခန်းကြီးကိုပစ်ကာ
သာမညောင်ည ကော်ဖီဆိုင်လေးထဲ၌ အုပ်လိုက်ကြီး
အစည်းအဝေးလာလုပ်သွားကြသေးသည်။

ရှင်း သာ မေဘယ်လ်ရဲ့အလုပ်သမားသာဆိုရင်
ရူးပြီးသေလောက်သည်။ တည်တင်းနေတဲ့
မျက်နှာကြောကြောင့်အသက်ရှူရကျပ်လှသည်။

ဘေးလူတောင် ထိုမျှ ဖိအားများလျှင် ဝန်ထမ်းများဆို
ပြောဖွယ်ရာမရှိ။ ထို့ကြောင့် ရှင်းသည် ထိုသူများအား
စာနာသနားသောအားဖြင့် မှာသမျှသောက်စရာများ
အထဲ၌ သကြားများများထည့်ဖျော်ပေးလိုက်သည်။

အချိုစားရင် စိတ်ဖိအားလျော့တယ်လေ
အစ်ကိုတို့ အစ်မတို့ရဲ့။ ဖိုက်တင်း ။

အစည်းအဝေးပြီး၍ အကုန်ပြန်သွားကြသော်လည်း
မေဘယ်လ်ကတော့ ခပ်တည်တည်နှင့်ပင် ထိုင်၍
ကျန်ရစ်ခဲ့သည်။ ဆိုင်ပိုင်ရှင်အမသည်လည်း
မသိချင်ယောင်ဆောင်ပေးထားသည်။ သို့သော်လည်း
ရှင်းကတော့မသိချင်ယောင်ဆောင်မဆောင်နိုင်ခဲ့။

စိတ်ထဲတွင်တော့ မေဘယ်လ်၏ မျက်နှာချောချောကို
လက်သီးချက်ပေါင်းများစွာဖြင့်ထိုးနှက်နေသော်လည်း
လက်တွေ့တွင်တော့ မျက်စောင်းများသာထိုးနိုင်ပေ၏။

"ဒီမှာ! မိုခါး တစ်ခွက်လို့ "

"အာ..!တောင်းပန်ပါတယ် ဧည့်သည်။
မိုခါး တစ်ခွက်နော်။ ရပါမယ်။ "

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now