37(i)

1.8K 259 3
                                    

လူတစ်ယောက်ဟာ ပြီးပြည့်စုံတဲ့အခြားလူတစ်ဦး
တစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ်စိတ်ကူးယဉ်
ကြလိမ့်မယ်။ ဒါဟာလူတိုင်းတွေးခဲ့ဖူးတဲ့ သမာရိုးကျ
ဖြစ်စဉ်တစ်ခုပါပဲ။ ရှင်းလဲ အဲ့လိုသာမာန်လူတွေထဲက
သာမာန်လူတစ်ယောက်ဖြစ်ခဲ့ဖူးတာပါပဲ။

ဇလပ်ဝါက အိမ်ရှင်မကောင်းတစ်ယောက်
ဖြစ်ချင်တယ်။ သိပ်ကိုခန့်ညားပြီး တာဝန်ယူတတ်တဲ့
အမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့လစ်ဟာနေဆဲ
ကိုယ်တစ်ခြမ်းကိုသေချာပေါက်ဖြည့်ပေးလိမ့်မယ်။

ရှင်း အဖြစ်မရောက်ခင် ဇလပ်ဝါဘဝကတည်းက
သူ့စိတ်ကူးထဲကပြီးပြည့်စုံတဲ့လက်တွဲဖော်ဆိုတာ
သေချာပေါက်ရှိခဲ့တယ်။ ဒါပေမယ့် သေချာတာတစ်ခု
ကတော့ အဲ့လက်တွဲဖော်က မိန်းကလေး ဖြစ်ခြင်းဆိုတဲ့
ဖြစ်နိုင်ချေကို အနိမ့်ဆုံးမှာချထားခဲ့တယ်။

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်
သေချာပေါက်မွေးမယ်ဆိုတဲ့ စိတ်ကူးလေးရှိခဲ့တယ်။
သမီးမိန်းကလေးနှစ်ယောက် သေချာတာပေါ့။
သားယောက်ျားလေး အစား သမီးမိန်းကလေး
ကိုပဲ သူသေချာပေါက်လိုချင်ခဲ့တာ။

ယောက်ျားလေးဆိုတာ ငါးရှဥ့်လိုပဲ။ ဖမ်းလို့မမိတဲ့
သတ္တဝါငယ်လေးတွေ။ တကယ့်ကိုစိတ်ညစ်စရာ
လို့သူတွေးထင်ခဲ့တယ်။ ဒါကြောင့်သူ့အနာဂတ်ဘဝမှာ
ခန့်ညားပြီးသစ္စာရှိတဲ့အမျိုးသားရယ် ချစ်စရာ
ကောင်းတဲ့သမီးလေးနှစ်ယောက်ရယ်နဲ့ သိပ်ကို
ပျော်စရာကောင်းတဲ့မိသားစုဘဝလေးရှိမယ်
ဆိုတဲ့ စိတ်ကူးအိပ်မက်လေး ကလှပလွန်းတယ်။

ဒါပေမယ့်အခုတော့ဖြင့် သူအဲ့ဒီ့စိတ်ကူးအိပ်မက်တွေ
ဆိုတာ ရှင်း အတွက်အရေးမပါတော့။ ဒါဟာ
လေထဲတိုက်အိမ်ဆောက်ခဲ့ရုံ သက်သက်ပဲ။
လက်တွေ့မှာ သူ့တစ်ဘဝလုံးလက်တွဲသွားချင်တဲ့
လက်တွဲဖော်ဆိုတာခန့်ညားတဲ့အမျိုးသားတစ်ယောက်
မဟုတ်ဘဲ မေဘယ်လ် ဆိုသည့်အမျိုးသမီးတစ်ဦးသာ။

သမီးလေးနှစ်ယောက်မရနိုင်တော့လဲဘာအရေးလဲ။
ထိုအမျိုးသမီးကိုသာ အများကြီးပိုချစ်ပေးမည်။
ထိုအမျိုးသမီးကိုသာ မှီခိုလိုက်ချင်တော့သည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now