see you again ဆိုလို့ season 2 နဲ့ extra လာမှာလားဆိုရင်တော့ မလာတော့ပါ။ကိုယ်ဒီဇာတ်လမ်းကိုစပြီးရေးခဲ့ဖို့စိတ်ကူးကတည်းက ကမ္ဘာသစ်တစ်ခုကိုတည်ထောင်ခဲ့ရပါတယ်။ အချိန်၊ နှစ်၊ နယ်မြေတွေနဲ့ မျိုးနွယ်စုတွေ။ အကုန်လုံးကိုအသေးစိတ် ရှေ့နောက်မိအောင် စီစဥ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အရမ်းခက်ခဲခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ဇာတ်အိမ်ကို ဖြည်ချဖို့လည်းအတော်လေးအားစိုက်ခဲ့ရပါတယ်။
ကိုယ့်ရဲ့အရင် fic တွေကိုဖတ်ဖူးတဲ့လူရှိရင်သိမှာပါ။ ကိုယ်ဒီ fic အတွက်ဘယ်လောက်တောင်အားထုတ်ခဲ့တယ်ဆိုတာ။ ဒါကြောင့် တစ်နေရာရာမှာလိုအပ်မှုရှိခဲ့ရင်လည်း ကိုယ့်အမှားသာဖြစ်ပါတယ်။
ကိုယ့်ရဲ့စိတ်အလုံးစုံကိုစုစည်းပြီးရေးခဲ့တဲ့ ကလေးလေးကအခုလိုမျိုးဇာတ်သိမ်းရဖို့ အရင်ကတည်းကစီစဥ်ခဲ့တာပါ။ ကိုယ်တိုင်လဲ ဇာတ်သိမ်းကိုစိတ်တိုင်းကျသလို ယူတို့လည်းစိတ်တိုင်းကျဖို့မျှော်လင့်ပါတယ်။ အများကြီးချစ်ပေးကြလို့လဲ ကျေးဇူးတင်ရပါတယ်။ ဒါဆို အမေးအဖြေလေးကိုသွားကြရအောင်။
(မေးခွန်း 1)
စဝ်သွန်း နဲ့ စဝ်လွန်း ကရော နောက်ဆုံး စစ်မြေပြင်မှာ ရှိခဲ့သလား။ဖြေ= ရှိခဲ့ကြပါတယ်။
(မေးခွန်း2)
ရှင်းတစ်ယောက်ကြည်ဖြူနှင်းအပ်စတေးခံခြင်းအစီအရင်သုံးတုန်းက စဝ်သွန်းနဲ့ စဝ်လွန်းက ဘာလို့ဝင်မကယ်ခဲ့တာလဲ။အဖြေ= ရေးခဲ့ပါတယ်။ မေဘယ်လ်က စင်မြင့်တစ်လျှောက်ကိုခိုင်ခံ့လွန်းတဲ့အစီအရင်တစ်ခုတစ်ခုထားခဲ့ပါတယ်။ အဲ့အစီအရင်ကြောင့် စဝ်သွန်း နဲ့ စဝ်လွန်း အပါအဝင် မည်သည့်စစ်သည်မျှဝင်လို့မရပါ။ ရှင်းကျတော့ဘာလို့ဝင်ခွင့်ရသလဲဆို၊ ကြင်ယာတော်မို့ပါ။ မေဘယ်လ်ကရှင်းကို သူ့အသက်တစ်ဝက်ပေးခဲ့တဲ့အတွက် နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့အတွက် အကာအကွယ်စည်းက ရှင်းကိုမေဘယ်လ်အမှတ်နဲ့ ခွင့်ပြုခဲ့တာပါ။
(မေးခွန်း 3)
နတ်ဘုရားမကရော ပြန်မနိုးထလာတော့ဘူးလား။ဖြေ=နတ်ဘုရားမကပြန်လည်နိုးထဖို့ကြာပါအုံးမယ်။
![](https://img.wattpad.com/cover/267013479-288-k275024.jpg)
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasyလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...