14

2.5K 373 12
                                    

"ငါညနေလာကြိုမယ်။ ငါမလာမချင်း
ဆိုင်ထဲကအပြင်မထွက်နဲ့ကြားလား "

ရှင်း အလုပ်ရောက်တော့ ရောင်ခြည်တောင်မသန်းသေး။ ကားပေါ်ကခြေလှမ်းချလိုက်သည်နှင့် တစ်လမ်းလုံးစကားမပြောဘဲငြိမ်နေတဲ့ မေဘယ်လ်က ရှင်းဆီလှမ်း၍သတိပေးသည်။

ရှင်းနားမလည်နိုင်ပါ။ မေဘယ်လ်နဲ့သူက ဘာမှတောင်မဘာသေးပေမယ့် ဘာလို့မေဘယ်လ်က ရှင်းရဲ့အုပ်ထိန်းသူလိုမျိုးလုပ်နေရသည်လဲပေါ့။ ဒါကနည်းတည်းတော့ပြဿနာရှိနေသည်။

သုံးခါသာတွေ့ဖူးသည့်အချိန်အတောအတွင်း ဒီလောက်အထိရင်းနှီးနေရန်မလိုဟုတွေးလိုက်မိသည်။ နောက်ပြီး သူတို့ကတစ်ခါတောင်နမ်းပြီးပြီ လို့တွေးလိုက်မိတော့ ရှင်းမျက်မှောင်ကြုပ်မိသွားသည်။

"ဘာလို့ရှင်က လာကြိုမှာလဲ။ ရှင့်စကားကို ဘာလို့နားထောင်ရမှာလဲ"

ကားပြန်ထွက်ဖို့ပြင်နေတဲ့ မေဘယ်လ်ရဲ့လက်တွေက ဂီယာမထိုးခင်မှာပဲရပ်တန့်သွားတော့သည်။

"ဟုတ်ပါရဲ့ ငါကရောဘာလို့မင်းကိုလာကြိုရမှာတဲ့လဲ။ ငါလည်းတစ်စုံတစ်ယောက်ကို မေးပေမယ့်အဖြေမပေးဘူးလေ။ ဒါကြောင့် ငါမသိသေးတဲ့အဖြေကိုမမေးနဲ့။ ညနေလာကြိုတာကိုပဲစောင့်။ ကိုယ့်ဒေါသနဲ့ကိုယ်ထွက်သွားပြီးတော့မှ ဒုက္ခတွေ့ရင် ဘယ်နတ်ဘုရားမှမကယ်နိုင်ဘူး။ နားပါမယ်လို့မျှော်လင့်ပါတယ်။ "

မျက်စိရှေ့မှ အရှိန်နှင့်ပျောက်ကွယ်သွားတဲ့ကားနက်လေးက ရှင်းကို စောစောစီးစီးဒေါသထွက်အောင်လုပ်သွားသည်။ တကယ်တော့ ကားနက်လေးကမဟုတ်ဘဲ ကားနက်လေးပေါ်က မိစ္ဆာမကလုပ်သွားခြင်းသာ။

* သွားလေရာခွေးချီးနင်းမိပါစေ။

ရှင်းသည်ဒေါသထွက်စွာပဲ ဆိုင်ထဲသို့ဝင်လာလိုက်သည်။ ဘာကို နားပါမယ်လို့မျှော်လင့်တယ်လဲ။ ဒါကသက်သက်ရန်စတဲ့စကားမှန်းသိသာနေတာကို ။ ဘယ်သူကရော သူ့စကားကိုနားထောင်မယ်တဲ့လဲ။ အဓိပ္ပါယ်ကိုရှိမနေဘူး။

"ကြိုဆိုပါတယ်။! "

ဆိုင်ထဲသို့ဝင်လာသည့်ဧည့်သည်များအား ပြုံးပြုံးလေးနှင့်ပင်နှုတ်ဆတ်လိုက်သည်။ အခုမှလူ့အခွင့်အရေးကိုအပြည့်အဝရသွားသလိုလို။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now