42

1.7K 259 9
                                    

ပုန်ကန်ခြင်း (4)
<author's note: ဒီအပိုင်းကိုသေချာဖတ်ပေးပါ>



အခန်းတွင်း၌ ခရေရနံ့သင်းသင်းလေးကပျံ့လွင့်နေပြီး မြေသားနံရံများ၏ထောင့်များတွင် မီးအိမ်များကိုစီရရီထွန်းညှိထားသည့်အတွက် အရာဝတ္ထုဟူသရွေ့ကိုလင်းလင်းထိန်ထိန်မြင်နိုင်ပေသည်။ အဆိုပါအခန်းငယ်သည်ကား ခန့်မှန်းချေ ပေနှစ်ဆယ်ပတ်လည်လောက်ကျယ်ပြီး အလယ်ဗဟိုကျကျတွင် ကျွန်းသစ်နှင့်ပြုလုပ်ထားဟန်ပေါ်သည့် စားပွဲရှည်တစ်ခု နှင့် နောက်အမှီပါသော ထိုင်ခုံအချို့ခင်းကျင်းထားသည်။

ထိုစားပွဲရှည်အား လမ်းကျဥ်းလေးထဲမှဘယ်လိုသယ်လာသလဲမေးချင်ပေမယ့် မေဘယ်လ်၏ တည်တင်းနေသောမျက်နှာထားကြောင့် ထွက်အံ့ဆဲဆဲမေးခွန်းတို့ကိုအမြန်မြိုချလိုက်ရ၏။ အခြေအနေမဟန်ပါချေ။

အခန်းထဲတွင် မေဘယ်လ်နှင့် သူအပါအဝင် စဝ်လွန်း၊ စဝ်သွန်း ၊ ဗေဒင်ဆရာမကြီး ၊ နောက်ပြီးတော့ လူငါးယောက်ခန့်ရှိချေ၏။ ထိုထဲ၌ ရှင်းတွေ့လိုက်သည်က ရင်းနှီးနေသည့်မျက်နှာတစ်ခု။ သူက ရှင်းအမှတ်မမှားဘူးဆိုရင် mirror night ကာလက မေဘယ်လ့်ကိုစိန်ခေါ်ခဲ့သည့်တစ်ဦးတည်းသောသူ ဖရီဒါဆိုသည့်အမျိုးသမီးသာ။

"ကျွန်တော်မျိုးမကိုတစ်ခုမေး ခွင့်ပြုပါမင်းသမီး။ သူက မင်းသမီးနဲ့ ဆွေတော်မျိုးတော် တော်စပ်ပါသလား "

ဗေဒင်ဆရာမကြီး ၏တုန်တုန်ရီရီစကားသံက တိတ်ဆိတ်နေသော အ​ခြေအနေကိုဖြိုခွင်းလိုက်၏။ မေဘယ်လ်က နှုတ်ခမ်းတစ်ဖက်ကိုအေးစက်စက်ပင့်တင်လိုက်ချေ၏။ ရှင်း ကတော့ လက်ချောင်းတွေကိုအချင်းချင်းပွတ်သပ်နေဆဲ။

"တကယ်လို့ဘာမှမတော်ဘူးဆိုရင် လျှို့ဝှက်ချက်မပေါက်ကြားအောင် နှုတ်ပိတ်ရမယ်ဟုတ်! "

"ဒါလင်!"

မေဘယ်လ် ၏တည်တည်ကြည်ကြည်အသံအဆုံး ရှင်း မျက်ရည်ပင်ဝဲချင်သွားသည်။ အဲ့လိုမနောက်ပါနဲ့အစ်မကြီးရယ်။ အစ်မကြီးနဲ့ ညီမလေးတို့က ချစ်သူတွေလေ။ ညီမလေးလဲ SYSTEM ကခိုင်းလို့ လုပ်မိတာပါ။ အစ်မကြီးကပဲသဘောထားကြီးပေးပါအုံး။ ဟုတ်ပြီလား။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now