"သမန်းပြာဝံပုလွေ မျိုးနွယ်စုမှ ဝီလျံ သည်
မြင့်မြတ်သွေးမျိုးနွယ်စု မှ ရှင်းအား စိန်ခေါ်မှုပြုပါသည်။ "အခန်းထဲအေးအေးသက်သာ ကွာစိထိုင်ဝါးနေသော
ရှင်းသည် မျက်လုံးပြူးရချေပြီ။ သူဘာမှမလုပ်ဘူး
လေ။ ငြိမ်ငြိမ်လေးထိုင်နေတာတောင် ပြဿနာက
တန်းတန်းမတ်မတ်ကြီးသူ့ကိုလာရှာတယ်တဲ့လား။
မတရားလိုက်လေခြင်း။[ mission = စိန်ခေါ်မှုအားလက်ခံခြင်း]
လာပါပြီ။ လာပါပြီ။ သေတွင်းထဲတွန်းပို့မယ့်
SYSTEM။ ကျေးဇူးတော်ကြီးမားလှပါရဲ့။"SYSTEM ရေငါ့ကိုအမွေပြတ်စွန့်လွှတ်ပေးလို့မရ
ဘူးလား။ နင့်ဆီက point တွေလည်းငါမယူတော့
ဘူးလေ။ နော် နော် ။ ဒါကြောင့် ပေါက်ပန်းလေးဆယ်
mission တွေလာလာမပေးပါနဲ့ဆို ဝူးဝူး "[Mission ကိုလက်ခံပေးပါ။]
"မေဘယ်လ် ကဘယ်မှမသွားနဲ့လို့မှာသွားတယ်လေ။
ဇာတ်ဆောင်စကားကိုဆန့်ကျင်လို့မရဘူးမလား။
ဒီတစ်ခေါက် mission ကိုလက်မခံလို့မရဘူးလား "[Mission ကိုလက်ခံပေးပါ။]
ဈေးဆစ်၍မရသော SYSTEM ကိုမျက်စောင်း
သုံးချက်တိတိထိုးကာ ဘောင်းဘီနှင့်အင်္ကျီလဲ၍
လေပြည်စင်မြင့်ထံလေးလေးပင်ပင်နှင့်လျှောက်သွားလိုက်ချေ၏။*ငါ့နှယ် ရန်သူတွေဘယ်လိုလုပ်များလာရတာလဲ။
စင်မြင့်ထံရောက်တော့ စင်မြင့်ပေါ်တွင်အခန့်သား
စောင့်ဆိုင်းနေသည့် ပြိုင်ဘက်ကိုတွေ့လိုက်ရသည်။
လက်စသတ်တော့ ဟိုဆန်ကုန်မြေလေး သခင်လေး
ဖြစ်နေခြင်းပင်။ရှင်းရဲ့မျက်နှာဟာ ရှုံ့မဲ့သွားပြီး စိတ်အစဉ်ဟာပိုလို့ပင်
နောက်ကျိသွားရချေသည်။ သရော်သလိုပြုံးပြနေ
သည့်ထိုမျက်ခွက်အား ဖနောင့်နှင့်ပင်ပေါက်ချင်လှသည်။
ဝစ်သောက်ကျက်သရေပါပဲ။"ယိုး! အလှလေးက လာတာနောက်ကျလှချည်လား။
အစ်ကိုကြီးစောင့်ရတာတောင် နည်းနည်းကြာသွားပြီ""မကျေနပ်ရင် တဂျောင်ဂျောင်မှာကပ်ငိုနေလေ "
"မင်း! "
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasyလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...