စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်း (3)
"နှစ်နှစ်!"
"ဘာလို့နှစ်နှစ်တောင်လဲ "
မေဘယ်လ်သည် ရုတ်ချည်းမျက်မှောင်ကျုံ့၍မေးချေသည်။ ကိုယ်ဝန်ရှိလို့ပျော်တာတော့မှန်ပေမယ့် နှစ်နှစ်တောင်ကိုယ်ဝန်ဆောင်ရမှာကတော့မဟုတ်သေးဘူးလေ။ မေဘယ်လ်သည် သူ့ကိုယ်သူအတွက်စိတ်ကိုပူမနေပါချေ။ သို့ပါသော်လည်း ထိုအမွှာနှစ်ယောက်အား နှစ်နှစ်လုံးလုံး လွယ်ထားရမှာက ရှင်းဖြစ်သည်။ ရှင်းမှာ ဧကန်မုချပင်ပန်းရပေလိမ့်မည်။ ဤသို့ဆိုရင်တော့ ဒါကိုကောင်းချီးလို့တောင်ခေါ်ထိုက်ပါသေးသလားလေ။
ဗေဒင်ဆရာမကြီး မှာဖြင့် ရုတ်ချည်းပြောင်းလဲသွားသော မေဘယ်လ့်မျက်နှာထားကြောင့်သက်ပြင်းပင်ချမိသည်။ ဒီအကြောင်းကိုကြားတော့ မေဘယ်လ်ထိုသို့ တုန့်ပြန်လိမ့်မည်မှန်း သူကြိုတင်သိခဲ့ပါသည်။
"ကောင်းချီးအဖြာဖြာနဲ့ မွေးဖွားလာမယ့် ရင်သွေးနှစ်ယောက်ရဲ့ ကံကြမ္မာကိုက နှစ်နှစ်တိတိကိုယ်ဝန်လွယ်ရမှာပါ အကြီးအကဲ။ "
"အဲ့တာကြောင့် ဘာလို့နှစ်နှစ်တောင်လဲလို့။ "
မေဘယ်လ် သည်အဖြေအား စိတ်တိုင်းမကျသည့်ဟန်။ မတရားမှန်းခံစားမိပါ၏။ သူလည်းမိန်းကလေး။ ရှင်းသည်လည်း မိန်းကလေး ပင်။ မိန်းကလေးနှစ်ယောက်လက်ထပ်ထားပြီး လက်တွဲသည့်ဖြစ်စဥ်တွင် အဘယ်ကြောင့်များ ကိုယ်ဝန်ဆောင်ရသူက ရှင်းဖြစ်ရသနည်း။ ပင်ပန်းဒုက္ခခံရသူက ရှင်းဖြစ်ရသနည်း။ မေဘယ်လ် သည် ရှင်းအပေါ်မတရားဟု သူ့ကိုယ်သူ ထင်မိသည်။ ထို့အတွက် စိတ်မကောင်းဟန်ရိပ်တို့က မျက်ဝန်းနှင့်တကွ မျက်နှာအနှံ့ဖြန့်ကျက်လို့သွားချေတော့သည်။
ရှင်းသည် မေဘယ်လ့်စိတ်ကိုရိပ်မိသည့်ဟန်ဖြင့် မိမိကိုယ်တိုင်ပင်ကြောင်အနေသော်ငြား မေဘယ်လ် ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ရာ ဖွဖွလေးပြုံးပြလိုက်ချေသည်။
"ကိုယ်... မတရားဘူးမလား "
"အင်း ။ မတရားဘူး။ အဲ့တော့ဘာလုပ်ချင်သလဲ။ ဟန်နီ့ဗိုက်ထဲက ကလေးလေးတွေကိုဆွဲထုတ်ပြီး ဒါလင့်ဗိုက်ထဲ ထည့်ချင်လို့လား ။ ဟင် "
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Фэнтезиလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...