စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း (2) သို့တည်းမဟုတ် ကောင်းချီးအသွယ်သွယ်အား လက်ခံရရှိခြင်း။
"ဒါလင်...နတ်ဘုရားမက ဟန်နီ့ကိုယ်ထဲဘာကြီးကိုထည့်သွားတာလဲ "
သူ့ဗိုက်လေးသူခပ်ဖွဖွပွတ်လို့ တွေးဆဆမေးလာသည့် ရှင်းကြောင့် လုပ်လက်စ အလုပ်များအား ဘေးသို့ချကာ ရှင်းရှိရာသို့မျက်နှာမူလိုက်သည်။
"တကယ်တော့ ကိုယ်လည်းမသိဘူး။ အရှင်မက နိုးထဖို့မလွယ်ကူပေမယ့် ကိုယ်တို့လက်ထပ်ပွဲကိုရောက်လာခဲ့တယ်။ အရှင်မပြောတာလည်း ဟန်နီကြားတယ်မလား။ ကောင်းချီးပေးဖို့ပါတဲ့။ ဒါကြောင့် ဟန်နီကအများကြီးမတွေးနဲ့နော်။ အသက်ရှည်ရှည်နေရဖို့လည်းဖြစ်နိုင်သလို ၊ အန္တရာယ်မပြုနိုင်အောင်ကာကွယ်ပေးတာလဲဖြစ်နိုင်တာပဲ "
မေဘယ်လ့်လက်တွေကြားထဲရောက်နေသည့် သူ့လက်ကိုသူငုံ့ကြည့်လိုက်ရင်း ဖြစ်စဥ်တစ်ခုအား ပြောပြဖို့ရာအားယူလိုက်သည်။ မေဘယ်လ်ကတော့ မကြည်မသာဖြစ်နေသည့် ရှင်း အားအရိပ်တကြည့်ကြည့်နှင့်
"ဟန်နီ အိပ်မက်တစ်ခုကိုမက်နေတာ တစ်ပတ်ကျော်ပြီ "
ထိုသို့ပြောပြီးနောက် ရှင်းသည် သက်ပြင်းဖွဖွချပါ၏။ အိပ်မက်တွေကိုသူအယုံအကြည်မရှိပါသော်ငြား ယခုအိပ်မက်ကိုပဲ ထပ်ခါထပ်ခါမက်နေတော့လည်း ထူးဆန်းလှသည်။ ထိုအိပ်မက်အားမက်ပြီးတိုင်းလည်း အမျိုးအမည်မသိသော ခံစားမှုက တစ်ကိုယ်လုံးအားလွှမ်းခြုံလျက်ကျန်ခဲ့တတ်သည်။
မေဘယ်လ် သည် ရှင်း၏ ပြောင်းဖူးမွှေးရောင်ဆံနွယ်တွေကို နားအနောက်လေးသို့သပ်တင်ပေးလျက် နားထင်စပ်လေးသို့ နှုတ်ခမ်းဖြင့်ခပ်ဖွဖွတံဆိပ်ခပ်သည်။
အခန်းတွင်းအပူချိန်သည်ကား နွေးနွေးလေးဖြစ်နေပြီး ဖွင့်ထားပါသောမှန်တံခါးမှ လေများတိုးဝှေ့လာတိုင်း လိုက်ကာစများက ဝေ့ဝေ့ဝဲဝဲ။ ညနေခင်းနေရောင်ခြည်က အခန်းတွင်းသို့ ရိုးတိုးရိပ်တိတ် ဖြန့်ကျက်နေလေသည်။
"အိပ်မက်ထဲမှာ ဟန်နီက လမ်းပျောက်နေတာ။ မည်းမှောင်နေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရဘူး။ ဒါပေမယ့် ဟန်နီလျှောက်နေရတဲ့လမ်းက ကွဲအက်နေတဲ့မှန်တံတားတစ်ခုဖြစ်ပြီး ဘယ်အချိန်ကွဲကြေမလဲမသိတဲ့လမ်းတစ်ခုမှန်း ဟန်နီသိနေခဲ့တယ်တဲ့။ ဟန်နီအရမ်းကြောက်တာပဲ။ ဟန်နီအရမ်းကြောက်လို့ ဒါလင့်နာမည်ကို အကျယ်ကြီးအော်ခေါ်နေမိပေမယ့် ဒါလင်ကဟန်နီ့အနားမှာမရှိဘူး။ ဟန်နီ့အသံတွေပြာတဲ့အထိအော်ခေါ်တာတောင် ဒါလင့်ရဲ့ဖြစ်တည်မှုကို ဟန်နီမဖမ်းဆုပ်နိုင်ခဲ့ဘူး။ "
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Viễn tưởngလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...