[ mission = သေကြောင်းကြံစည်ခြင်း]
"ဘာ!"
ရှင်းရဲ့ခေါင်းမွှေးတွေဟာထောင်တက်ကုန်တော့၏။
ဒါဘယ်လိုခွေးစကားပါလိမ့်။ မြောင်းထဲကျသေပြီး
ဒီထဲရောက်လာတာဖြင့် တစ်လမပြည့်သေးဘူး
ထပ်သေရမယ်ဆိုတော့ ဒါဘယ်လိုစောက်ကျိုးနဲနေတာလဲ။"ဘာလို့ငါကသေရမှာလဲ။ မသေဘူးနော်။
သေချင်စရာအကြောင်းလဲရှိမနေဘူး။ ဒါလူသတ်ရန်
ကြံစည်မှုနော်!"[ လူကြီးမင်းမှာ မရှိပေမယ့် ဇာတ်ဆောင်ရှင်း မှာတော့
ရှိပါတယ်။ ဒါကြောင့် ဒီ mission ကိုမလုပ်မနေရ
လုပ်ရပါမယ်။]"ဒီ mission ကိုငြင်းရင်ရော "
[ ရရှိထားသမျှအမှတ်တွေအကုန်အနှုတ်ခံရပါမယ်]
အိုခေ။ ဆိုလိုတဲ့သဘောက လုပ်ရင်လည်းသေမယ်
မလုပ်ရင်လည်းသေမယ်ပေါ့။ ရှင်း ရဲ့နှလုံးသားလေး
ဟာဆစ်ခနဲအောင့်တက်သွားရသည်။
အရင်ဘဝကဘယ်လိုတောင်အကုသိုလ်တွေများခဲ့လို့
ပါလိမ့်ဟု တွေးကာမျက်ရည်ပင်ဝဲရသည်။
သူမကောင်းတာဆိုလို့ ဖွန်လေးကြောင်တာရယ်၊
War ပွဲတွေမှာဝင်ဖြဲတာရယ်၊ မေဘေး ဂျပုကို ဆဲတာရယ်၊ ဒီလောက်လေးပါပဲ။ ဒီအကုသိုလ်လောက်နဲ့တော့ နှစ်ခါသေခိုင်းလို့မဖြစ်ဘူးလေ ။
ဒီလိုကြီးတော့မရက်စက်ကြပါနဲ့ ။"အခြား.. အခြား တစ်ခုပြောင်းခိုင်းလို့မရဘူးလား "
[ မရပါဘူး]
"ဒါဆို.. တခြားနည်းနဲ့သေကြောင်းကြံလို့မရဘူးလား။
အစားအများကြီးစားပြီး နင်သွားတာတို့..
အိပ်ဆေးသောက်တာတို့ဘာတို့ရော"[မရပါဘူး]
ရှင်း ကလေးတစ်ယောက်လိုခြေစောင့်ကာထိုင်ငိုချင်
နေပြီဖြစ်သည်။"ငါရေနစ်မှာကြောက်တယ်လို့ဆို ဒီ မအေ-ိုးရဲ့ "
[ mission အောင်ဖို့အတွက် သေချာပေါက်
ရေထဲခုန်ချရမှာပါ]ရှင်း တစ်ယောက်လက်လျော့လိုက်ကာ
ထိုင်ငိုတော့သည်။ ဘဝက ဒီလိုနဲ့ပဲအဆုံးသတ်တော့
မှာလား။ သနားစရာကောင်းလိုက်တဲ့ ဇလပ်ဝါလေး။
ဆယ်မိနစ်မျှ ဝမ်းနည်းပက်လက်ငိုကြွေးပြီးတော့မှ
အသိတရားရသွားဟန် တစ်ခုခုကိုတွေးမိသွားသည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Фэнтезиလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...