11

2.6K 405 8
                                    


ရင်ဘတ်ကနေတစ်ဆင့်တွန်းထုတ်ခံလိုက်ရသည့်
မေဘယ်လ် ရဲ့မျက်နှာက မဲမှောင်သွားတော့သည်။
ဒါကအဓိပ္ပါယ်ကိုရှိမနေဘူးလို့ မေဘယ်လ်တွေးမိလိုက်သည်။

သူမအား အေးစက်စက်နှင့်စိုက်ကြည့်နေသည့်
မေဘယ်လ့် မျက်ဝန်းတွေထဲမှရုတ်တရက်ခပ်မြန်မြန်
ပင်အကြည့်လွှဲလိုက်တော့သည်။ ဒီအကြည့်တွေနဲ့
တင်သူ့တစ်ကိုယ်လုံးကအေးခဲသွားမတတ်ပဲ။

မေဘယ်လ်သည်လည်း ရှင်းရဲ့ကြောက်လန့်နေတဲ့
မျက်ဝန်းတွေကနေ အကြည့်လွှဲကာ ထိုနေရာမှ
ထွက်သွားရန်ပြင်လိုက်တော့သည်။ မဝန်ခံချင်ပေမယ့်လည်း ရှင်းရဲ့မျက်ဝန်းတွေကအရမ်းကိုလှလွန်းသည်။

မြေကြီးပေါ်မှာလဲနေတဲ့ ရှင်းက ရေမျက်နှာပြင်နှင့်
ရိုက်ခတ်ခံထားရသည့်အတွက် မေဘယ်လ်ချထားခဲ့
သည့်အတိုင်းပင် ပက်လက် လေးရှိနေဆဲ။ သူဒီနေရာ
ကနေထသွားဖို့အတွက်အားယူပြီး မတ်တပ်ထရပ်
လိုက်တော့ မခိုင်သေးတဲ့ခြေထောက်တွေကြောင့်
ပြန်၍ခွေလဲကျတော့သည်။

မေဘယ်လ် အတွက် ဒီမြင်ကွင်းက ထပ်ပြီးစိတ်ရှုပ်စရာပါပဲ။ ဒီလိုပုံစံနဲ့ ဘယ်လိုများ အိမ်ပြန်မလဲလို့တွေးမိလိုက်တော့ ထွက်ခွာခါစခြေလှမ်းတွေက ရှင်းထံသို့ထပ်မံပြန်လည်ဦးတည်သွားတော့သည်။

လဲကျလိုက် ကြိုးစားပြီးပြန်ထလိုက်လုပ်နေတဲ့
ရှင်းရဲ့ ကိုယ်လေးဟာ မေဘယ်လ် ရဲ့ပွေ့ချီမှုအောက်
စွေ့ခနဲပင်ပါသွားတော့သည်။ ရှင်း အလန့်တကြားနှင့်
မေဘယ်လ့်ရဲ့ လည်တိုင်တွေဆီ ဆွဲဖက်ထားလိုက်မိ
သည်။

အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်ရဲ့ကိုယ်အလေးအချိန်ဟာ မလေးဘူးဆိုတာတောင် ပေါ့သည့်အထဲတွင်တော့မပါ။ ရှင်း နည်းနည်းလေးတောင်အားနာသွားမိသည်။

"ဟိုလေ..မလေးဘူးလား "

ခြင်တစ်ကောင်ရဲ့အသံလေးလို တိုးတိုးလေးဆိုလိုက်တော့ အေးအေးစက်စက်အကြည့်တွေနှင့်ငုံ့ကြည့်လာလေသည်။ တွန့်ချိုးနေတဲ့မျက်ခုံးတွေ နဲ့ မေဘယ်လ်က တကယ့်ကိုစိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံပါပဲ။

"မင်းရော ဘယ်လိုထင်လဲ "

"လေးတယ်လို့ထင်တာပဲ "

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now