36

1.8K 277 0
                                    

[A/N ဒီအပိုင်းကိုသေချာဖတ်ပေးပါ]


ကော်ဖီခွက်ချသံမှတစ်ပါး မေဘယ်လ်၏
ရုံးခန်းအတွင်း၌ တိတ်ဆိတ်နေလေသည်။
မျက်နှာချင်းဆိုင်ထိုင်နေကြသော လူလေးယောက်တွင်
သုံးယောက်မှာ စဉ်းစားစရာကိုယ်ဆီကိုယ်ငှဖြင့်
မသာမယာရှိလှ၏။ တစ်ယောက်တည်းကသာ
အစားစားလိုက် အအေးသောက်လိုက်နှင့် ပင်။

"မင်းတို့မှာငါ့ကိုပြောစရာမရှိဘူးလား "

မေဘယ်လ်၏ ပကတိတည်ကြည်သောအသံသည်
အခြေအနေအားလှုပ်နှိုးလိုက်ချေ၏။
စဝ်သွန်းနှင့် စဝ်လွန်း သည်ကား မျက်မှောင်ကျုံ့ထား
လျက်ပင် သင်ပြင်းကိုယ်စီချမိလေ၏။ သူတို့ဘာကို
ပြောရမည်နည်း။ ဘာကိုများပြောဖို့သင့်သနည်း။
ထို့နောက် စဝ်လွန်းကပင်ဦးဆောင်ကာ မသာမယာ
မျက်နှာပေးနှင့်

"တကယ်တော့ ဒီကိစ္စကိုငါအရင်ကတည်းကသိခဲ့တာ။
ဒါပေမယ့်ငါကြားခဲ့တာနားစွန်နားဖျားလေးတင်ဆို
တော့ ဒေါ်လေးကဒီလောက်ကြီးအတည်ယူမယ်
မထင်ခဲ့ဘူး။ ငါလည်း ဒီလောက်ကိစ္စကြီးဖြစ်မယ်လို့
မထင်ခဲ့ဘူး။ ဒေါ်လေးကရုတ်တရတ်ပြန်ပြီးဆင့်ခေါ်
လိုက်တာက ဒီကိစ္စကြောင့်မှန်း ငါလည်းမနေ့ကမှ
သိခဲ့တာ။ "

"မင်းကဘယ်လိုသိတာလဲ။ ဒါဆို သူခိုးကိုလည်းမင်း
သိမှာပေါ့ "

"မဟုတ်ဘူး! မဟုတ်ဘူး! ငါကြားခဲ့တာက
အသက်ဓာတ်အမြူတေတွေယာယီထိန်းသိမ်းရမယ်
ဆိုတဲ့စကားပဲ ။ ကျန်တာငါဘာမှမကြားခဲ့ဘူး။
မှတ်မှတ်ရရ အဲ့နေ့က သွေးနီရပ်ဝန်းကိုရောက်တာ
တစ်လတောင်မပြည့်သေးဘူး။ ငါလည်းပျင်းပျင်းနဲ့
လျှောက်သွားရင်း တားမြစ်အဆောင်တွေနားရောက်
သွားတာ။ အဲ့မှာ ထိပ်သီးအကြီးအကဲတွေစုပြီးစကား
ပြောနေတာကိုငါဖျတ်ခနဲကြားလိုက်ရုံတင်။
ငါတကယ်ဘာမှမသိဘူးနော် မေဘယ်လ်..။ အာ့!
အမ ငါ့ကိုဘာလို့လာရိုက်နေတာလဲ "

ဘေးနားကပ်လျက်ထိုင်နေသော စဝ်သွန်းသည်ပင်
သည်းမခံနိုင်စွာ စဝ်လွန်းအား နားရင်းထရိုက်တော့
လေ၏။ မွှေတာက လက်လန်လွန်းသည်။

"ရိုက်မှာပေါ့! နင်လုပ်တာတွေကရောအချိုးပြေလို့
လား။ တားမြစ်အဆောင်တွေနားတောင်သွားလိုက်
သေးတယ်တဲ့။ နင့်ကိုယ်နင်ဘာများမှတ်နေသလဲ။"

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now