5

3.2K 464 11
                                    

"ဘာပြောတယ် ။ ဒီသောက်ကောင်တွေကတော့ "

ပြောပြီးပြီးချင်းမှာပဲ ရှင်း နောင်တရသွားတော့တယ်။
ဒါကတကယ့်ကိုရန်လိုနေတဲ့စကားကြီးမဟုတ်လား။
ပြီးတော့ အဲ့ကောင်တွေကလူတောင်ဟုတ်မနေဘူး။
ဝံပုလွေတွေတဲ့။ ဒါကြောင့် System အစုတ်ပလုတ်က တအားတွေသဘောကောင်းပြီး အမှတ် 1000 တောင်ပေးတာပေါ့။

တစ်ဖက်တွင်လည်း အဆဲခံလိုက်ရသည့်သုံးယောက်
မှာ ခနတာကြောင်အသွားမိသည်။ ဒီလိုမိန်းမလှလေး
က အတည်ကြီးသူတို့ကိုဆဲလိုက်တာပေါ့ ဆိုတဲ့မျက်နှာ
ပေးတွေနှင့် ။ ခနချင်းမှာပဲ သတိပြန်ဝင်လာတော့
တစ်ဆိုင်လုံးကလူတွေရဲ့ အားရကျေနပ်နေတဲ့အကြည့်တွေကိုခံစားမိလိုက်သည်။

ဒါက သိပ်ကို ဒေါသထွက်ဖို့ကောင်းနေတယ်မလား။

"ဘာပြောလိုက်တယ်.. သောက်ကောင်ဟုတ်လား "

လက်ထဲက ကာပချီနို တွေနှင့် ရှင်း ကိုလှမ်းပတ်လိုက်
တော့ ရှင်းတစ်ယောက် ကြောက်စိတ်လေးတောင်ပျောက်သွားပြီးဒေါသတွေကပြန်အစားထိုးလာခဲ့သည်။

ရာရာစစ ဘယ်သူ့ကို ကော်ဖီနဲ့လာပတ်နေတာလဲ။

ဘေးနားမှာအသင့်ရှိနေသည့် လက်တေးတစ်ခွက်ကို
ကောက်ကိုင်ကာ ပြန်ပတ်ရန်ပြင်လိုက်တော့..

[ သတိပေးချက် = ဇာတ်ကောင် စရိုက်နှင့်သွေဖယ်နေပါသည်။ ဇာတ်ကောင်ပီပြင်ရန် အထူးသတိပြုပါ ။]

ကျက်သရေတုန်းလှစွာ အချိန်ကိုက်ထွက်ပေါ်လာတဲ့
system ရဲ့အသံက ငှက်ဆိုးထိုးသံအလား။ ကိုင်ထား
သည့်လက်တေးခွက်လေးတောင် တစ်ချက်တုန်ခါသွား
ပြီးနေရာမှာပြန်ချထားလိုက်သည်။

"အဲ့တော့ ရှင်း ဆိုရင်ဘယ်လိုဖြေရှင်းမလဲ "

[ ရွေးချယ်မှု (1)= တောင်းပန်မယ် ။
ရွေးချယ်မှု (2)=ခေါင်းငုံ့ပြီးတောင်းပန်မယ်။
ရွေးချယ်မှု (3)= ကျေနပ်တဲ့အထိတောင်းပန်မယ်။]

အိုခေ။ ဆိုလိုချင်တဲ့သဘောက ရွေးချယ်မှုသုံးခုရှိရင်
တောင် သုံးခုလုံးကတောင်းပန်ရမှာပဲ။ ရှင်း
တော်တော်လေးကိုသိချင်စိတ်ပြင်းပြသွားမိသည်။
ဒီအမျိုးသမီးက သူ့ဘဝတစ်လျှောက်လုံးကို
တောင်းပန်ပြီးများရှင်သန်လာတာလား။
လူ့လောကက ပြဿနာတွေက တစ်ခါတစ်လေတွေမှာ
တောင်းပန်ရုံနဲ့မပြေလည်စေမှန်း သိဖို့ကောင်းသည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now