1.အစပျိုးသော မုန်တိုင်း

16.1K 773 33
                                    

( Unicode )

ညအချိန်က နံရံပေါ်ရှိနာရီသံတစ်တစ်တော့တော့အပြင် ခပ်တိတ်တိတ်ဆိတ်ဆိတ်ရှိလို့နေတယ်။

၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ နာကျင်နေတဲ့ နှလုံးသားငယ်နဲ့အတူ အောက်တိုဘာညက ခြောက်ခြားဖို့ကောင်းတယ်။

တင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့ လက်သီးဆုပ်တွေကြောင့် လက်ဖဝါးနုနုမှာ လက်သည်းတွေဟာနစ်ဝင်မတတ်ဖြစ်နေပြီ။

တင်းနေအောင်စေ့ထားတဲ့ နှုတ်ခမ်းဖျားအောက်မှာ ထင်ရှားတဲ့ မှဲ့နက်တစ်ပေါက်ဟာ နေရာယူလို့ထားတယ်။

စူးရှတဲ့မျက်ဝန်းတွေနဲ့အတူ ဒေါသတွေက ယိုဖိတ်လျှံကျတယ်။

သန်းခေါင်အထိ မအိပ်နိုင်သေးတဲ့ သူ့ကို မိခင်ဖြစ်သူက အဖက်လုပ်မယ့်ပုံလည်းမပေါ်ပေ။

သိပ်လှတဲ့ မိခင်က ရှောင်းကျန့် အသက်၅ နှစ်မှာပဲ ချစ်တဲ့ယောက်ျားဖြစ်သူကို ဆုံးရှုံးခဲ့ရတယ်။

သူ့မေမေဘယ်လောက်တောင် ငိုကြွေးခဲ့ရသလဲ ရှောင်းကျန့်သိပ်ကို မှတ်မိနေခဲ့တယ်။ မြေပေါ်ချမယ့် ဖခင်ရဲ့ ရုပ်လောင်းနားမှာ အမြဲတဝဲလည်လည်နဲ့ တရိပ်ရိပ်ကြည့်နေတတ်တဲ့ မိခင်က ဖခင်ကိုသိပ်ချစ်ခဲ့တာလည်း ရှောင်းကျန့်ရဲ့နှလုံးသားငယ်ငယ်ကလေးက အကဲခတ်မိထားတယ်။

သို့ပေမဲ့ မေမေက သူ့ကို သူထင်သလိုမျိုးမဟုတ်ခဲ့တာ အသက်ကြီးလာလေ သိလာရလေ။

မေမေက သူ့ကို အချိန်မပေးခဲ့။ မေမေက ဖေဖေ့ကို တကယ်ချစ်ခဲ့ရဲ့လားလို့ မေးချင်လောက်အောင်ကို မေမေက လုပ်ငန်းရှင်ယောက်ျားတွေနဲ့ ပွေလီချင်တိုင်းပွေလီတော့တယ်။

မနက်ဖြန်ဆို ရှောင်းကျန့်  ၁၆ နှစ်ပြည့်မွေးနေ့ဖြစ်တယ်။

မကြာခင် အချိန်မှာ ၁၂ နာရီထိုးတော့မှာဖြစ်တယ်။

၁၂ ကျော်တဲ့အခါ သူ့မွေးနေ့
ပြီးတော့ မေမေဟာ ရှောင်းကျန့်မုန်းတီးလှပါပြီသောဆိုတဲ့ အသက်ကြီးကြီး လူကြီးနဲ့ တရားဝင်လက်ထပ်ပွဲဆင်နွှဲကြမယ့်နေ့ဖြစ်တယ်။

ရှောင်းကျန့်က ဒါကြီးကို မနစ်မြို့ဘူး။ သိပ်မုန်းတာပဲ။

ရှောင်းကျန့် အပေါ်သိပ်ကို ကပ်လွန်းလို့ မေမေ့ကိုလိုချင်လို့ သားကိုမျက်နှာလုပ်နေတဲ့ အဲ့ဒီ့အသားဖြူဖြူနဲ့ လူကြီးကို သိပ်မုန်းလွန်းလို့။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Where stories live. Discover now