ရှောင်းကျန့်က ထိုအိပ်မက်မက်ပြီး နောက်နေ့ကစလို့ ဝမ်ရိပေါ်ကို သိသိသာသာပဲ ရှောင်ပုန်းတယ်။
ဝမ်ရိပေါ်ကိုမြင်တိုင်း သူ့ကိုယ်သူမလုံမလဲဖြစ်တာသူပဲသိတယ်။ ဘယ့်နှယ့် အသံလေးတစ်ခုနဲ့တင် ညစ်ညစ်ညမ်းညမ်းတွေ အိပ်မက်မက်ရလောက်တဲ့အထိ အတော်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထုရိုက်ပစ်ချင်လို့မဆုံးဘူး။
"ဟို ကိုကို... "
ရုံးပိတ်ရက်မို့ အိမ်မှာ စာဖတ်ရင်း နားဖို့ ကော်ဖီလေးသွားဖျော်တာ အပြင်က ပြန်လာတဲ့ ကိုယ်တော်ချောနဲ့ တိုးရတယ်လို့။
"အဟမ်း... ပြော ဘာလဲ "
"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင်"
ရှောင်းကျန့် မျက်လုံးတွေ ဘေးဘီကို ဝေ့ဝိုက်မိသွားတယ်။ မင်းကို စိတ်ဆိုးတာထက် ငါ့ကိုယ်ငါ မယုံတော့တာ ဟေ့ကောင်ရေ...။
"ကျွန်တော့်ဆံပင်ကြောင့်လား... ဒါမှမဟုတ် ဗစ်တာ ကိုကို့အခန်းထဲ အဲ့နေ့က ဝင်လာလို့လားဟင် "
ရှောင်းကျန့်က ဗစ်တာ့ကို အိမ်အပေါ်တောင် တက်စေချင်တာမဟုတ်ဘူး။ ဒုတိယထပ်က သူ့အခန်းထဲ ဗစ်တာဝင်သွားတဲ့ အဲ့နေ့က ဗစ်တာကို ကိုင်မပေါက်ရုံတမယ်ပဲ... ဆူပုပ်ပြီး ဝမ်ရိပေါ်ကို ဆူတယ်။ ပြီးတော့ စကားမပြောတာ လေးရက်လောက်ရှိပြီ။
ကိုကို ဘယ်လောက်သူ့ကို ကြည့်မရဘူးပြောပြော ဒီလိုရှောင်နေတာကတော့ မဖြစ်ဖူးတဲ့ကိစ္စတစ်ခုပဲ။
အနည်းဆုံးတော့ ဘယ်လိုကြည့်မရကြောင်းနဲ့ ဘယ်လိုအမြင်ကပ်ကြောင်းတွေ ပြောနေကျလေ။"ကိုကို မကြိုက်ရင် ဆံပင်ညှပ်လိုက်ပါ့မယ်... ပြီးတော့ ဗစ်တာ့ကိုလည်း လှောင်အိမ်မှာပေးထား... "
စကားမဆူံးသေးခင် မျက်ခုံးတွေတွန့်ချိုးနေတဲ့ ရှောင်းကျန့်က သူ့ဖက်ကိုလှည့်လာတယ်။
ရှောင်းကျန့်ရဲ့ တွန့်ကျိုးနေတဲ့ မျက်မှောင်တွေ ပိုလို့ကွေးသွားတယ်။
ဝမ်ရိပေါ်ဆိုတဲ့ကောင်စုတ်လေးဟာ အင်္ကျီလက်ပြတ်နဲ့... ဖွေးဥနေတဲ့ လက်မောင်းသားတွေကိုပါ လစ်ဟပြထားတယ်။
![](https://img.wattpad.com/cover/270366716-288-k610398.jpg)
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanficDon't come into my life No... if you have a plan to leave me , don't come in...