13. ကိုကိုက မိန်းမယူရဦးမှာလေ

5.2K 587 24
                                    

ရေလှိုင်းသံတွေနဲ့အတူ အေးမြမြလေပြေက ခပ်သော့သော့ တိုးဝင်လာတယ်။

ဝရံတာလုကြရင်းနဲ့ နှစ်ယောက်စလုံး ဝရံတာခပ်ကျဉ်းကျဉ်းမှာပူးပူးကပ်ကပ် အိပ်ဖြစ်သွားတော့တာပဲ။

​ခပ်အေးအေးဖြစ်လာတဲ့ရာသီဥတုကြောင့် ရှောင်းကျန့်မျက်လုံးတွေဖွင့်လှစ်လိုက်မိတယ်။

လက်မောင်းက ထုံကျဉ်နေတာကြောင့် ဘေးကိုဝေ့ကြည့်မိတော့ မရှည်လွန်းတဲ့ မျက်တောင်လေးတွေဟာ ခပ်သော့သော့။ နှုတ်ခမ်းလုံးလုံးလေးဟာ ရဲလို့။

သူ့လက်မောင်းပေါ်မှာ ပြန့်ကျဲကျနေတဲ့ ဆံပင်ရှည်တွေဟာ တကယ်ပဲ နုနုအိအိကလေးတွေ။

ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပါဘဲ ရှောင်းကျန့်ဟာ ရိပေါ်ကို ငေးနေမိတော့တာပဲ။

စိတ်ဝင်စားစရာပန်းချီကားတစ်ချပ်ကိုရပ်ပြီးကြည့်ငေးနေရသလို ခံစားမှုမျိုး။

မျက်ခွံပေါ်တစ်စွန်းတစ်စကျနေတဲ့ ဆံနွယ်ရှည် တစ်စုကို ရှောင်းကျန့်ရဲ့လက်က အလိုလိုသပ်တင်ပေးလိုက်မိတယ်။

"အင်း... "

အိပ်ရာနိုးစ အသံက တကယ်တမ်းဝန်ခံရကြေးဆို နည်းနည်းတော့ ချစ်စရာကောင်းတယ်။

"သားတို့ရေ... !!!"

"ဒုတ်... "

"အင့်... "

အခန်းထဲ ဘယ်လိုဝင်လာမှန်း မသိတဲ့ မေမေ့ကြောင့် ရှောင်းကျန့်က ပင်လယ်လေနဲ့အတူ လွင့်နေတဲ့စိတ်ကို အလျင်အမြန်ထိန်းချုပ်လိုက်တယ်။ အကျိုးဆက်ကတော့ လက်မောင်းကို အမြန်ဆွဲလိုက်တာကြောင့် လက်မောင်းပေါ်က ခေါင်းလုံးလုံးဟာ ဝရံတာရဲ့ ကြမ်းပြင်နဲ့ခပ်ကြမ်းကြမ်းမိတ်ဆက်သွားတယ်။

ကြမ်းပြင်နဲ့ သူတို့ကြားမှာ ဂွမ်းကပ်ပါးပါးတစ်ထည်သာရှိတာမဟုတ်ပါလား။

ခေါင်းက နာကျင်မှုနဲ့အတူ ရိပေါ် ဘာမှန်းမသိ နိုးလာရတာကြောင့် အူတူတူလေးဖြစ်လို့။ ညက အိပ်မက်ထဲမှာတော့ အရုပ်အကြီးကြီးတစ်ရုပ်ကို ဖက်အိပ်နေရတာ။ သိပ်မဝပေမယ့် ဖက်လို့ကောင်းမယ့်အရုပ်ကြီးပေါ့။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Tempat cerita menjadi hidup. Temukan sekarang