42.Mine, Yours

3.8K 398 22
                                    

Unicode

​မနက်စောစောနိုးတဲ့ရှောင်းကျန့်က ဘေးကိုကြည့်လိုက်တော့ သူ့ကိုရင်ခွင်ထဲထည့်ပြီး ဖက်အိပ်နေတဲ့ ကောင်ဆိုးလေးကိုတွေ့တယ်။

မနေ့က ခရီးပြန်ရောက်ရောက်ချင်း သူငိုနေတာကိုတွေ့တော့ အပြေးအလွှားချော့ရှာတာမို့ ရှောင်းကျန့်ကပိုလို့ငိုပြလိုက်တာ။ ဒီကလေးက သူ့ကိုစိတ်တော့တအားပူရှာသား။

အခုလည်း မနေ့ကအမှန်ဆို ညလုံးပေါက်ထိ သူချစ်သမျှ ခံယူရှာတဲ့ ရိပေါ်က သူ့ကိုရင်ခွင်ထဲထည့်ရင်းပွေ့ဖက်အိပ်စက်နေပြန်ပြီ။

မော့လိုက်ရင်း မေးဖျားလေးကိုနမ်းရှုံ့တော့ အိပ်မောကျနေတာမို့ မနိုးသွား။ ရှောင်းကျန့်က ပြုံးနေတော့တာပဲ။

သူ့ကလေးက အတွေးတွေအများကြီးလွန်ပြီး အများကြီးပင်ပန်းခဲ့ရတာမဟုတ်လား။ ပါးနုနုလေးကို လက်လေးနဲ့ထိတော့ အိဝင်သွားတယ်။

"ချစ်ဖို့ကောင်းတယ်"

မျက်တောင်လေးတွေကို လေနဲ့မှုတ်တော့ မျက်မှောင်တွေကျုံ့သွားတယ်။

"အင်း... "

နိုးလာတာနဲ့ လက်နှစ်ဖက်ကို ခေါင်းပေါ်ဆန့်ပြီး ဝှါးခနဲလည်းသမ်းသေးတယ်။ ရှောင်းကျန့်က ပြုံးနေတော့တာပဲ။ မသိရင် အိပ်ပျော်နေတဲ့ဝက်ကလေး ဗိုက်ဆာပြီးနိုးလာဟန်။

"နိုးပြီလား... "

ရှောင်းကျန့်က နှာခေါင်းလုံးလုံးကို သူ့နှာခေါင်းထိပ်နဲ့ထိတွေ့လိုက်တယ်။ အပျင်းကြောဆန့်လို့ မပြ်ီးနိုင်တော့တဲ့ ရိပေါ်က အပျင်းတစ်ရင်းပြန်ပြုံးပြတယ်။

"အာ့"

"အယ်"

အပျင်းကြောဆန့်ရင်းကျောဟာမျက်ခနဲ။

"နာနေလား... ကိုယ်ပွတ်ပေးရမလား"

"ရတယ် ရတယ် ကိုကို... အာ... ရတယ်လို့ ဆိုနေ"

တားနေဆဲမှာပဲ ကိုကို့လက်တွေက ရိပေါ်ရဲ့ခါးတစ်ဝိုက်ကိုရောက်နေပြီ။ နာနာလေးဖိပွတ်ပေးနေတဲ့ကိုကိုက သူ့နဖုးကိုလည်း လှမ်းလို့နမ်းသေးတယ်။

"ဆောရီး... အရမ်းနာနေလား"

"နည်းနည်းပါ... ဒီလောက်တော့ရှိမှာပေါ့"

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Where stories live. Discover now