5. မာမားကို သားက လုမယူပါဘူး

4.9K 637 20
                                    

ရှောင်းကျန့် အဲ့ဒီ့နေ့က ဆရာဝန်ကို ဖုန်းမဆက်ဘဲ ထွက်လာခဲ့ပေမဲ့ ဘော်ဒါတွေဆုံပြီး ဟေးလေးဝါးလား လုပ်တဲ့အချိန်မှာ သိသိသာသာ မပျော်နိုင်ဘူးဖြစ်ရတယ်။

စိတ်ရှုပ်လိုက်တာ။

ဘာဖြစ်လို့ ဟိုကောင့်ရဲ့ ဖြူဖျောဖျော မျက်နှာကိုပဲပြေးမြင်နေသလဲမသိဘူး။ စိတ်ရှုပ်နေတဲ့ ရှောင်းကျန့်က အဖွဲ့လိုက် ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ အလိုမကျဟန်။

" ရှောင်းကျန့်... ပြုံးစမ်းပါ အီးမှန်ထားတဲ့ အခွက်နဲ့ "

ချန်းဖန်က လှမ်းစတာကိုတောင် ပြန်မဆဲနိုင်တဲ့ အထိ သူ့စိတ်တွေညစ်ညူးနေရတယ် ။

စိတ်ကစားတတ်စ အရွယ်ရဲ့ ရင်ခုန်ဖက် ကောင်မလေးကိုတောင်လှည့်မကြည့်နိုင်တဲ့အထိ ဝမ်ရိပေါ် ဆီပဲ ရောက်နေတဲ့ သူ့စိတ်ကိုသူမထိန်းနိုင်။

မုန်းလို့ ဟုတ်တယ်
ဒါသူ့ကိုမုန်းလို့ပဲဖြစ်ပါလိမ့်မယ်

​တနေကုန် ပျော်ရွှင်ချင်စိတ်မရှိတဲ့ ရှောင်းကျန့်ဟာ အမှောင်ချထားတဲ့ အိမ်ရှေ့ရောက်တော့ မှိုင်တွေသွားရပြန်တယ်။

မဟုတ်မှ... ဝမ်ရိပေါ်တစ်ခုခုဖြစ်များနေသလား။

အရင်ကဆို သူပြန်လာတဲ့အခါ ခြံဝမှာ စကိတ်စီးရင်း အပြုံးဖောဖောသီသီပေးကာ ကိုကြီးကျန့်ကျန့်လို့ ခေါ်လာမယ့် အသံလည်း မကြားရ။

နည်းနည်း လေးပင်နေတဲ့ခြေလှမ်းတွေနဲ့အတူ အိမ်ထဲ အခြေချလိုက်တယ်။

ဒီနေ့ သူဖုန်းကို ဖွင့်မှမကြည့်ရသေးဘဲ။

ဖုန်းဖွင့်ကြည့်တော့ အမေ့ဆီက ဝင်ထားတဲ့ စာတစ်စောင်ကြောင့် ဆိုဖာပေါ် ပစ်ထိုင်ချလိုက်တယ်။

" သားငယ်လေး အားပျက်ပြီး ဖျားသွားလို့ မေမေတို့ ဆေးရုံသွားနေတယ် ကျန့်အာ"

လွန်ခဲ့တဲ့ နှစ်နာရီကျော်လောက်က ပို့ထားတဲ့ စာ။
တော်သေးပါရဲ့ သူအခုမှ တွေ့လို့။ နမို့ဆို အပြေးအိမ်ပြန်လာရင်း ဆေးရုံကို အမှီလိုက်မိမယ်ထင်တယ်။

မေမေ့ကို စိတ်မချဘူး။
ဟိုကောင်က မေမေ့ဆီက အချစ်တွေ အကုန်သိမ်းပိုက်နေတော့မှာ။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Opowieści tętniące życiem. Odkryj je teraz