43. ဗစ်တာပဲ မှားပါတယ်

3.5K 381 13
                                        

Unicode

ကိုကိုလို့ တဆာဆာခေါ်ရင်း ရှောင်းကျန့်စာဖတ်နေတဲ့အခန်းထဲကို ဝက်မှိုလုံးက ဝင်လာတယ်။ မျက်နှာကလည်း ထော်လန်နေတော့တာပဲ။

ဘာဖြစ်လာသလဲတော့မသိ။ ဘောင်းဘီကြီးကိုလည်း ဒူးအပေါ်လောက်ထိ မ , လို့ ။

"ကိုကိုလို့... တွေ့လားရှိတာကို ပြန်မထူးဘူး"

"မင်းက ကိုယ်ထူးလို့မရအောင်ကို အော်ဟစ်နေတာကိုး"

"မသိဘူး..."

"ပြော... ဘာဖြစ်နေတာလဲ"

"ဒီမှာလေ... ထိသွားပြီ"

ရှောင်းကျန့်က ဖတ်လက်စစာအုပ်ကို ဘေးချရင်း မျက်မှောင်တွေကိုကုတ်လိုက်တယ်။

"ဘယ်မှာတုန်း"

"ဒီမှာပေါ့ ဒီမှာလေ"

မတ်တပ်ရပ်ရင်းနဲ့ ဒူးခေါင်းကိုရင်ညွန့်ထိဆွဲမပြီး ညိုသကျီးက ခရမ်းပုပ်ရောင်အကွက်ကိုလက်ညှိုးနဲ့ထိုးပြတယ်။

"ဘာနဲ့ထိလာတာလဲ"

"ကရင်းနဲ့... "

"သတိမှမထားတာ ဖြစ်မှာပေါ့"

"ဟာ... က တာ သတိထားစရာလား"

"ဖြစ်တုန်းကဘာမှမဖြစ်ဘူးလား"

"မဖြစ်ပါဘူး"

ရှောင်းကျန့်ကတော့ တမင်တကာကို အချွဲပိုပြတော့မယ့် လူဆိုးကောင်လေးကို ပလစ်ဖို့တွေးတယ်။ ရုပ်က ဇီးရွက် မန်ကျည်းရွက်လောက်ငယ်ပြရင်းနဲ့ မျက်လုံးကပုတ်ခပ်ပုတ်ခပ်။

"ဘယ်မလဲ ဒူးကာ?"

"အဲ... ဟို... ဒူးကာက... ဒူးကာက ဒီအထိမကာဘူး"

"ကိုယ့်ပြောစကားမှ နားမထောင်တာ... ခံပေါ့"

ရှောင်းကျန့်က စာထိုင်ဖတ်နေတဲ့ ခုံအနားပြန်လာပြီး ထိုင်လိုက်တယ်။ စာအုပ်ကိုပြန်ကောက်ကိုင်ရင်း လှမ်းကြည့်လိုက်တော့ ဗိုက်ဆာနေတဲ့ ဝက်ပေါက်လေးလို နှာခေါင်းကလည်း ရှုံ့တုံ့တုံ့နဲ့။

"ဆေးလိမ်းပေးရမှာပေါ့ဗျ"

"ဆေးတောင်မလိမ်းတတ်တော့ဘူးလား အစ်ကိုလေးရိပေါ်က"

"ကိုကိုကလည်း ပြုစုယုယတာလေး ခံချင်လို့ကို...ရပါတယ်... ရပါတယ်... အလုပ်အားတဲ့ရက်ကလေးတောင် ဒဏ်ရာရနေတဲ့ ချစ်သူလေးကို ပစ်ထားတာ... ရပါတယ် နေနိုင်သူကြီးရယ်"

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Donde viven las historias. Descúbrelo ahora