21. Unforgettable

4.4K 541 10
                                    

Unicode

​ညလေအေးအေးမှာ ရိပေါ်က အိမ်အတွက်လိုအပ်တာတစ်ချို့ကို အိမ်နားက မီနီမတ်လေးမှာ ထွက်ဝယ်တယ်။

လိုသမျှဝယ်ပြီး ကျသင့်ငွေကိုပေးချေပြီး ပြန်အထွက်မှာ လူတစ်ယောက်ကို လှစ်ခနဲတွေ့လိုက်တယ်။

သူမမြင်ချင်ဘူး... သူနဲ့ကိုကို့ကို စော်စော်ကားကားတွေပြောထားတဲ့ ထိုလူကိုသူမမြင်ချင်တော့ဘူး။

"ဝမ်... ဝမ် ကိုယ်ရှင်းပြဥိးမယ်"

ထိုလူက ရိပေါ်ရဲ့လက်တွေကိုလာဆွဲနေတယ်။

"ပြောစရာရှိတာကိုပြောပါ စုန့်ထျန်ကော... ဟိုဆွဲဒီဆွဲမလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး"

ဝမ်ရိပေါ်က ဆွဲထားတဲ့အထုပ်တွေကို မီနီမတ်ရဲ့ ခုံတန်းငယ်ပေါ်မှာ တင်ရင်း စကားနားထောင်မယ့်ဟန်နဲ့စောင့်နေပေးလိုက်တယ်။

"အဲ့နေ့က ကိုယ်လွန်သွားတယ်"

"သိရင် ပြီးတာပါပဲ... ဒါပဲမလား.. ကျွန်တော် အချိန်မရှိဘူး ကော"

အထုပ်တွေကိုဆွဲပြီး ထွက်သွားဖို့ပြင်တော့ စုန့်ထျန်က လိုက်တားပြန်တယ်။

ကျစ် ဒီလူက ဇယားပဲ!

"အစ်ကိုတို့က ဒီလိုဖြစ်သွားရမယ့် ဆက်ဆံရေးမဟုတ်ဘူးလေ"

"ဒီလိုဖြစ်အောင်ကျွန်တော်လုပ်ခဲ့တာလား?"

လေသံမြင့်သွားတ​ဲ့ ရိပေါ်ကြောင့် ဆိုင်ကိုလာကြတဲ့ ဝယ်သူတွေကကွက်ကြည့်ကွက်ကြည့်။

"ငါနားလည်ပါတယ်.. ဒါမယ့် ဝမ်ရယ်"

"တော်ပါတော့ဗျာ... ဆက်ဆံရေးကို ဒီ့ထက်မဆိုးချင်ရင် ဒီမှာရပ်ကြရအောင်"

ရိပေါ်က ဘာကိုမှဂရုမစိုက်ဘဲထွက်လာခဲ့တယ်။ အနောက်ကနေစိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ မဲ့ပြုံးတစ်ခုကို ရိပေါ်က လျစ်လျူပြုထားလိုက်တယ်။

.

"ပေးပေး မင်းကလည်းကွာ... ကိုကိုနဲ့အတူ သွားဝယ်မှပေါ့ ပေါင်ပေ့ရ"

"ကိုကို နောက်ကျမယ်ထင်တာနဲ့ ဟီး"

ရိပေါ်လက်ထဲက အထုပ်ကိုဝိုင်းဆွဲပေးရင်း ဝယ်လာတဲ့ ပစ္စည်းတွေကို နေရာချလိုက်တယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Où les histoires vivent. Découvrez maintenant