26. ဝက်မှိုလုံးစိတ်မကောင်းဖြစ်သွားပြီ

3.7K 459 31
                                    

Unicode

စတူဒီယိုလေးကို လက်ဆောင်ပေးပြီးကတည်းက ရိပေါ်က ကုမ္ပဏီကိုလိုက်စရာမလိုတော့ဘူး။

စတူဒီယိုပိုင်ရှင်တစ်ဖြစ် သင်တန်းနည်းပြဆရာတစ်ဖြစ်နဲ့အဆင်ပြေပြေနေထိုင်ဖြစ်တယ်။

တော်တော်လေးအလုပ်ရှုပ်တဲ့နေ့တွေကလွဲရင် နေ့လည်စာစားချိန်တိုင်း ရောက်လာတတ်တဲ့ ကိုကိုက ရိပေါ်ကို နွေးနွေးထွေးထွေးပဲ။

"ဝမ်လောင်ရှီး... ဒါ သားဖွားဖွားက ပေးလိုက်တာ ဝမ်လောင်ရှီးနဲ့ ရှောင်းဦးလေးကြီးစားဖို့တဲ့"

ရှောင်းဦးလေးကြီးဆိုတော့ ရယ်ချင်သွားတဲ့ရိပေါ်က ဖူးခနဲအသံတောင်ထွက်သွားတဲ့အထိပါပဲ။

"အင်းအင်း ကျေးဇူးပဲ... လောင်ရှီးတို့ စားလိုက်မယ်နော်"

ရိုးရာကောက်ညှင်းထုပ်တွေပွဲတော်နေ့မို့ ထည့်ပေးလိုက်ပုံပဲ။

သင်တန်းကိုလိုက်လာတတ်တဲ့ ကိုကို့ကိုပါ ကလေးတွေက ချစ်ခင်ကြတယ်။

ကောက်ညှင်းထုပ်ကိုကိုင်ရင်း တွေးနေတုန်းမှာပဲ ကိုကို့ဆီက စာရောက်လာတယ်။

ဒီနေ့စောစောပြန်မယ်ဆိုတဲ့အကြောင်းရယ်... ချစ်တယ်ဆိုတဲ့စာရယ်။

ရိပေါ်က ပြုံးတယ်။ ကိုကိုကလေ တကယ် အချစ်ကြီးတယ်။

သင်တန်းသားတွေနဲ့အတူ ရိပေါ်ကခုန်ရင်း အချိန်တွေကုန်ဆုံးပစ်လိုက်တယ်။

မကြာခင်ကိုကိုနဲ့တွေ့ရမယ်လေ။



"အဲ့ဒါ ကိုကို့ကို ဦးလေးကြီးတဲ့ ဟားဟား"

ကောက်ညှင်းထုပ်ကိုဖြေရင်း ရယ်ကျဲကျဲပြောနေတဲ့ ရိပေါ်ကို ရှောင်းကျန့်ကိုင်ဆောင့်ချင်လာတယ်။

တကယ့်အူယားစရာမှိုလုံးလေး။

ဆံပင်တွေကိုလည်း ပွတ်ဖွထားပြီး ထိုးထောင်နေတယ်။ မသိရင် အိပ်ရာက ထလာသလိုမျိုး။

"မင်းနဲ့ ကိုယ်က ဘယ်လောက်မှ မကွာပါဘူး"

"ရုပ်ရည်အရတော့ကွာမှာပေါ့"

လျှာထုတ်ပြပြီး ပြောင်စပ်စပ်လုပ်နေတဲ့ ရိပေါ်ရဲ့ နဖူးကို လက်ညှိုးနဲ့ တွန်းထုတ်လိုက်တယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Donde viven las historias. Descúbrelo ahora