36. ဝက်မှိုလုံးက ဂျယ်လီမကြိုက်ဘူး

3.6K 444 26
                                    

Unicode

" ဝမ်ရိပေါ်... မင်း ခြေထောက်လည်းနာနေတာကို နားလိုက်တော့ "

ရိပေါ်ရဲ့ စတူဒီယိုက လူမျိုးခြားသူငယ်ချင်းက ခေါင်းမာလွန်းတဲ့ ရိပေါ်ကို တားတယ်။

ရိပေါ်က ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့ ဟိုရက်က ခြေထောက်လည်းထိထားပြီးပြီ။

"ရိပေါ် မင်းခြေထောက်သုံးစားမရဘဲနေသွားမယ်... F**k"

အဆဲသံတွေ ညံသွားတော့မှ ဝမ်ရိပေါ်က ကနေတာကို ရပ်ရင်း အခန်းထောင့်မှာကျုံ့ကျုံ့လေးသွားထိုင်တယ်။ ပြိိးတော့ နာနေတဲ့ခြေချင်းဝတ်ကို ခပ်သာသာနှိပ်နယ်နေတယ်။

"ရိပေါ် တစ်ပတ်လောက်အနားယူသင့်တယ် မင်းခြေထောက်ဒဏ်ဖြစ်သွားလိမ့်မယ်"

​ရိပေါ်က ခေါင်းရမ်းပြရင်း ခြေထောက်ကိုပဲ ဆက်ပြီး နှိပ်နယ်နေတယ်။

အနားယူရင် သူမေ့မေ့လျော့လျော့မနေနိုင်တာကြောင့် ရိပေါ်က အနားယူဖို့ကိုဝန်လေးတယ်။ နောက်ပြီး ကိုကိုနဲ့ မိန်းကလေးအကြောင်းပဲ တွေးနေမိရင် သူက နေရထိုင်ရ ခက်ခဲတယ်မဟုတ်လား။

ရိပေါ်ရဲ့ နေ့ရက်တွေက လမ်းခွဲကြပြီးအချိန်ကတည်းက ခက်ခဲခဲ့တာတော့ အမှန်ပဲ။



"ချန်းဖန်... ငါတို့ သဘက်ခါလောက်သွားမယ်... "

(Note- အရင်အပိုင်းတွေမှာ ချန်းမန်လို့ မှားရေးမိထားတာ ပြင်ဆင်ဖတ်ရှူပေးပါရန်)

"ညနေလောက်ထွက်ကြမယ်လေ သိပ်မဝေးလွန်းတော့ ညလောက်ရောက်ရင် မားတို့ဆီမှာတည်းမယ်"

ရှောင်းကျန့်ဖုန်းပြောနေသံကို နားထောင်နေတာမဟုတ်ပေမယ့် အတိုင်းသားကြားနေရတယ်။

"အင်း အားရင်လိုက်ခဲ့မယ်ပြောတယ်... သူ့အမေလည်း နေကောင်းနေပြီလေ"

အနားကနေ ထော့နဲ့နဲ့ဖြတ်လျှောက်သွားတဲ့ ရိပေါ်ကို မြင်တော့ ရှောင်းကျန့်က အန်ဂျယ့် နာမည်ထည့်ပြောဖို့ပါစဉ်းစားတယ်။

"အန်ဂျယ့်ကို ငါက လိုက်စေချင်နေတာ... သူရောက်ရင်ပျော်မှာ"

ပိုပိုသာသာနဲ့ ခပ်ကျယ်ကျယ်လေးပြောရင်း လူဆိုးပေါက်စကို ဝေ့ဝိုက်ကြည့်တယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Nơi câu chuyện tồn tại. Hãy khám phá bây giờ