Unicode
ဒီတစ်ညလည်း မောမောဟိုက်ဟိုက်နဲ့ ရုန်းကန်ပြီး နိုးထလာရပြန်တယ်။
ဒီနေ့လည်း အိပ်မက်ထဲမှာ ရိပေါ်က ကိုကို ကျောခိုင်းထွက်သွားရင်း ထားခဲ့တာခံရပြန်ပြီ။အပြင်မှာကြုံတွေ့ခဲ့ဖူးတော့ ထားခဲ့ခံရတဲ့ အရသာက ချိုသလားချဉ်သလားရိပေါ် ခံစားဖူးပြီ။
ရင်ဘတ်ကြီးတစ်ခုလုံးက တင်းကြပ်ပြီး အသက်ရှူတွေ မဝတော့တဲ့အထိ နေရထိုင်ရခက်လွန်းတယ်။
အခုချိန်ဘေးနားမှာကိုကိုရှိရင် ဘယ်လောက်ကောင်းမလဲ။
တစ်ခါတလေလည်း ကျွန်တော်ကိုကို့ကို မေ့လို့မရပါဘူး ကိုကို့အနားမှာပဲ တွယ်ကပ်နေပါရစေလို့ ပြန်ပြီးတောင်းဆိုချင်ပေမယ့် ဖြစ်မှမဖြစ်နိုင်တာလေ။
ရိပေါ် အတည်ကြီး ပင်ပန်းနေပြီ... ။
အခိုးအငွေ့တွေ ရှူရှိုက်မိလိုက်သလို ခံစားချက်နဲ့အတူ ရိပေါ်မွန်းကြပ်နေပြီ။
•
•
•ရိပေါ် အဲ့ဒီ့နေ့က ငိုတယ်။
မားကလည်း ပင်ပန်းနေတဲ့သူ့ကို တယုတယထွေးဖက်ထားရင်း စကားမှားသွားကြောင်းကို တတွတ်တွတ်ပြောတယ်။"ရိပေါ်ရယ်... ကလေးရယ်"
ရှိုက်ကြီးတငင် ငိုနေတဲ့ ရိပေါ်ကို သူ ထွေးဖက်ထားပေးတယ်။ ရိပေါ်က အရင်ကတည်းက မျက်နှာသိပ်ကြည့်တတ်တဲ့ ကလေးဖြစ်ခဲ့တာကို သူ မေ့သွားပုံပဲ။
အရိပ်အမြွက်ပြောရုံနဲ့ အဆုံးထိတွေးပြီး ဖြစ်သင့်တာ ဦးစားပေးတတ်တဲ့ကလေးက တကယ်ကြီး ချစ်မိသွားတော့လည်း ခံစားရခက်နေရှာမှာ။
"မား ကျန့်အာကို ပြောပေးရမလား... "
"ဟင့်အင်း... ကြာရင် အဆင်ပြေသွားမှာပါ..."
မျက်ရည်တွေကြားပြုံးပြတဲ့ကလေးလေးကြောင့် သူ သက်ပြင်းတွေချရုံပဲတတ်နိုင်တယ်။
ဘယ်လိုလုပ်ပေးရပါ့မလဲ သူလည်း လမ်းပျောက်နေပြီဖြစ်တယ်။
အိမ်ပြန်ရောက်တော့ အလုပ်အားရက်ဖြစ်တဲ့ ရှောင်းကျန့်က လက်ဖက်ရည်အတူသောက်ရင်း မိခင်ဖြစ်သူနဲ့ အချိန်ကုန်ဆုံးတယ်။

ВЫ ЧИТАЕТЕ
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
ФанфикDon't come into my life No... if you have a plan to leave me , don't come in...