ဝမ်ရိပေါ် စာမေးပွဲမှာ အမှတ်ကောင်းအောင်ဖြေခဲ့နိုင်ပါတယ်။
ကိုကြီးကျန့်ကျန့်က သူဖြေနိုင်တယ်လို့ကြားတဲ့အခါ နှုတ်ခမ်းတစ်ဖက်ကို ရွဲ့ပြီး ရယ်စရာကောင်းအောင်ပြုမူတယ်။ ကိုကြီးကျန့်ကျန့်က တကယ်ရယ်ရတယ် ။ ပြီးတော့ ချစ်ဖို့သိပ်ကောင်းတယ်။
" ကျန့်အာ... မင်းလည်း သေချာဖြေဦးနော် "
"မဖြေပါဘူး ဝမ်လူကြီးမင်းရှိနေတာပဲ ဟုတ်တယ်မလား ရိပေါ် "
စာမေးပွဲပြီးလို့ မှတ်စုစာအုပ်တွေကို စက္ကူပုံးနဲ့ထည့်ပြီး လာမယ့်ဂျူနီယာတွေအတွက်ပြင်ဆင်နေတဲ့ ရိပေါ်လက်တွေ တုံ့နှေးသွားတယ်။
" ကျန့်အာ !"
မာမားက ချောင်းဟန့်အသံပေးတော့မှ " ကျန့်ကျန့်ကပဲ ထာဝရဗီလိန်ပေါ့ " ဆိုပြီးခပ်ကျယ်ကျယ်အော်ရင်း စာကြည့်ခန်းထဲ ဝင်သွားတဲ့ ရှောင်းကျန့်က တကယ်ပဲ သူ့အပေါ်ဒီလိုမုန်းနေရွဲ့နေတာပါပဲ။
" သားငယ်... အားပေါ်.. လာဦး မာမားဆီ "
ဖွင့်ဟပေးတဲ့ ရင်ခွင်ထဲကို အတင်းပြေးဝင်လိုက်တယ်။
" ကောင်းကောင်းနားလိုက်ဦး သားငယ်လေး... ကျန့်အာ စာမေးပွဲပြီးရင် မားတို့ ခရီးထွက်ကြမယ်နော် "
" ဟုတ် "
ရမ်လီမာမားက အရပ်မတိမ်းမရိမ်းရှိနေပြီဖြစ်တဲ့ ရိပေါ်ရဲ့ ခေါင်းက ဆံနွယ်ထူထူတွေကို ပွတ်သပ်ပေးတယ်။
" သားငယ်လေးက ထွားလာလိုက်တာ "
ဟုတ်တယ်။ ရိပေါ် ဒီရက်တွေမှာသိသိသာသယအရပ်ရှည်လာသလို အသံတွေလည်း ခပ်အက်အက်ဖြစ်လာနေတာ သတိထားမိတယ်။
" ရိပေါ်လေးက ကိုကိုပြောတာကို စိတ်ထဲမထားရဘူးနော် "
ရိပေါ် ပြုံးပြလိုက်တယ်။ စိတ်ထဲထားချင်ရင်တောင် ရှိတာမဟုတ်ဘူး။ သူ့စိတ်ထဲ ရှောင်းကျန့်သူ့ကိုဘာပဲလုပ်လုပ် ငြိမ်ခံထားဖို့ စဉ်းစားပြီးသား။
ကိုကြီးကျန့်ကျန့်က ကလေးလေးလိုပဲ။
သူ့ဆီက မုန့်လုစားလို့ စိတ်ကောက်သွားတဲ့ ကလေးလေးနဲ့တူတယ်။
YOU ARE READING
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanfictionDon't come into my life No... if you have a plan to leave me , don't come in...
