48. ဖျားနာစေသော လက်ဆောင်

3.8K 356 14
                                        

Unicode

"ကိုကိုရာ ဘာဖြစ်နေတာလဲလို့"

"ဟာ တက်နင်းမိကုန်တော့မှာပဲ"

ရိပေါ်က ရယ်မောပြီး ပတ်ပြေးရင်း အော်နေတယ်။ ဗစ်တာက အရင်လိုအိပ်မနေဘဲ သူတို့နောက်လိုက်ဆော့နေတာကြောင့် တက်နင်းမိမှာစိုးရိမ်ရသေးတယ်။

"ကိုကို တော်တော့လို့"

​ဆိုဖာခုံကို ဗဟိုပြုပြီး စက်ဝိုင်းလိုပတ်နေတဲ့ ရိပေါ်ကို ကိုကိုက လိုက်ဖမ်းပြီးကလိလိုက်ထိုးနေတာ။ ရိပေါ်ရပ်လိုက်တာနဲ့ ကိုကို့လက်ထဲရောက်သွားမှာ။

"မိရင်မလွယ်ဘူး မင်း"

ကိုကိုက စိတ်တိုနေတဲ့ပုံဟန်ဆောင်ပြတာ ကလေးပေါက်စလိုမျိုးမို့ ရိပေါ် အကျယ်ကြီးအော်ရယ်မိရင်း ဆိုဖာပေါ် ကျောပစ်လို့ထိုင်ချလိုက်မိတယ်။

"လူဆိုးလေး..."

ကိုကိုက ခုန်အုပ်ပြီး သူ့ကိုအတင်းဆွဲလှဲလို့အပေါ်စီးကနေ ကြည့်နေတယ်။

"မောနေပြီလား"

"အွန်း..."

ကိုကိုက သူ့နဖူးပြင်ကို ငုံ့နမ်းတယ်။ ပြီးတော့ နှာခေါင်းထိပ်လေးကို။ ပြီးတော့ နှုတ်ခမ်းပေါ်ကို ။

ရိပေါ်ရင်ခုန်လွန်းလို့ ခြေချောင်းလေးတွေကုပ်ထားမိတဲ့အထိပဲ။

"ပါဆယ်ရောက်တယ်ဗျ"

အိမ်ရှေ့ခန်းကခေါ်သံကြောင့် ရိပေါ်ရောရှောင်းကျန့်ပါ ကမန်းကတမ်းကုန်းလို့ထရတယ်။ ဗစ်တာကတော့ အမြှီးလေးလှုပ်လို့ တံခါးအနားရောက်နှင့်နေပြီ။

"ဝမ် ရိပေါ် လားမသိဘူးခင်ဗျ"

"ဟုတ်ပါတယ်"

ကိုကိုက ဧည့်ခန်းထဲမှာဖွင့်ထားတဲ့ သီချင်းသံကိုအနည်းငယ်တိုးလိုက်ရင်း အိမ်ရှေ့ကိုခေါင်းပြူလို့ လှမ်းကြည့်နေတယ်။

"ဘယ်ကလဲမသိဘူး ကျွန်တော် ဒီရက်မှာထားတဲ့ပစ္စည်းလည်းမရှိဘူး"

"ဟုတ်ကဲ့ မသိဘူးဗျ... လိပ်စာက ပေကျင်းလို့ပဲရေးထားတယ်... ပေးပို့သူအမည်မှာလည်း ဝမ်ရိပေါ်တဲ့"

ရိပေါ်ပါဆယ်ထုပ်အပေါ်ကိူလှမ်းကြည့်လိုက်တယ်။ စိတ်ထဲတော့အနည်းငယ်ခုပါတယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Where stories live. Discover now