Unicode
ရှောင်းကျန့် အိမ်ကိုပြန်ရောက်လို့ ညရောက်တိုင်း အခန်းတံခါးရှေ့မှာ နွားနို့ခွက်လေးကိုင်ရင်း ခပ်မှုန်မှုန်လေး စောင့်နေတတ်တဲ့ ဂြိုလ်ကောင်လေးရှိတယ်။
ရှောင်းကျန့် နွားနို့တွေကုန်စင်အောင်သောက်ပြီးမှ ခွက်ကလေးပိုက်ပြီး အခန်းဝက ထွက်သွားတတ်တဲ့ ရိပေါ်က တခါတလေတော့လည်း သနားစရာအရိပ်ကလေးသမ်းနေတာပဲ။
ဒါပေမဲ့ ခက်တာက ရှောင်းကျန့်အတွက်တော့ ဝမ်ရိပေါ်က မုန်းစရာ သတ္တဝါလေးဖြစ်နေခဲ့ရုံ။
ဒီနေ့ရှောင်းကျန့်တို့ ကျောင်းမှာ ပထမနှစ်ဝက် ပြိုင်ပွဲဝင်ဖို့ဘတ်စကတ်ဘောအသင်းအတွက် လူရွေးရမှာဖြစ်တယ်။ ရှောင်းကျန့်တို့လို လက်ရွေးစင်တွေက ဂျူနီယာတွေကို လက်တွဲခေါ်ရတယ်။ သင်ပေးရတယ်။
အလယ်တန်းက ကလေးတွေလာတော့ ဂြိုလ်ဆိုးကောင်ကို မသိမသာ မျက်လုံးကစားရင်းရှာကြည့်တော့ ဘေးမှာ တစ်ယောက်မှမပါဘဲ နောက်ဆုံးနားမှာ ခပ်ကုတ်ကုတ်ကလေးလျှောက်လာရှာတယ်။
ရှောင်းကျန့်က သူကိုယ်တိုင် သင်ခန်းစာတွေအများကြီးပေးရင်း နှိပ်ကွပ်ဖို့ပြင်ထားပေမဲ့ ရိပေါ်ရဲ့ ပုခုံးကိုသွားဖက်ရင်း ပြုံးဖြီးနေတဲ့ စုန့်ထျန်ကို တွေ့လိုက်ရတဲ့အချိန် ဂုတ်ကျောက ဖျင်းခနဲ။ စုန့်ထျန်နဲ့ ရိပေါ်က တဖွဲ့တည်းသားချင်းတွေလိုဖြစ်နေပြီ။
"ကျစ်... အေးပေါ့... စရိုက်တူတွေပဲပေါင်းလို့ရတာ"
တစ်ယောက်တည်း ပွစိ ပွစိပြောရင်း ဘောလုံးကို ကြမ်းပြင်ပေါ်ခပ်ပြင်းပြင်း ရိုက်ချလိုက်တဲ့ ရှောင်းကျန့်ကို ချန်းဖန်တို့က ကွက်ကြည့်ကွက်ကြည့်နဲ့။
•••••
ဝမ်ရိပေါ် ဘောလုံးမကစားချင်ဘူး။ ဒါပေမဲ့ အတန်းထဲက သူ့ကိုခင်တဲ့သူတိုင်းက သူ့ကိုပါဝင်စေချင်တဲ့ ဆန္ဒကြောင့် တွန့်ဆုတ်ဆုတ်ကလေး ဘောလုံးကွင်းထဲ ရောက်လာရတာဖြစ်တယ်။
ဘတ်စကတ်ဘောကစားတဲ့အခါ ကိုကြီးကျန့်ကျန့်နဲ့လည်း သူတွေ့ရမှာ။ သူ့ကိုတွေ့ရင်လည်း ကိုကြီးကျန့်ကျန့်က ဒေါသထွက်လောက်တယ်။ မာမားကို ဖေဖေက ချစ်လို့ယူထားတာဖြစ်ပေမဲ့ ကိုကြီးကျန့်ကျန့်က သူ့ကိုဘာလို့မချစ်တာလဲ မသိဘူး။
ВЫ ЧИТАЕТЕ
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
ФанфикшнDon't come into my life No... if you have a plan to leave me , don't come in...
