Unicode
ဂေဟာခြံဝန်းထဲက သစ်ရွက်တွေကို တောင်းတစ်ခုနဲ့ ထည့်ရင်း လုပ်အားပေးနေတုန်း မေမေက သူ့ဘေးလာရပ်တယ်။
"မေမေ စားပြီးသွားပြီလား"
သူထွက်လာတော့ မေမေက သူနဲ့ခင်နေတဲ့ ဂေဟာရဲ့အဒေါ်ကြီးတစ်သိုက်နဲ့ ထမင်းအတူစားနေခဲ့တာမို့။
"အင်း စားပြီးပြီ... သားရော... "
"အိမ်ရောက်မှပဲ စားတော့မယ်"
အနီးအနားမှာရှိတဲ့ သစ်သားခုံတန်းလေးပေါ်မှာ ဝင်ထိုင်လိုက်တဲ့ မေမေက သူ့လက်ကိုပါလှမ်းဆွဲလို့ ထိုင်ဖို့အချက်ပြတယ်။
"ရိပေါ်နဲ့ အဆင်ပြေလား..."
"ပြေအောင်နေနေပါတယ်"
"ရိပေါ် အဆင်မပြေလောက်ဘူး ကျန့်အာ... "
ရှောင်းကျန့်က သိချင်တဲ့မျက်ဝန်းတွေနဲ့ သူ့မေမေကိုငေးမိသွားတယ်.
"မေမေ့ကြောင့် သားတို့လမ်းခွဲဖြစ်သွားတာ"
"ဘယ်လို ?"
"ရိပေါ်က အများကြီးတွေးတတ်တဲ့ကလေး... မေမေသိသွားတဲ့ညက စကားပြောဖြစ်တော့ မေမေ့စကားတွေကို အများကြီးတွေးတယ်ထင်ရဲ့"
ရှောင်းကျန့်က နားမလည်သလိုငေးရင်း ဆက်လက်တိတ်ဆိတ်နေခဲ့တယ်။
"မေမေက သားတို့နှစ်ယောက်စလုံးကို အိမ်ထောင်ရပ်သားကျပြီး မိသားစုလေးတစ်ခုစီနဲ့မြင်ချင်တာလို့ ပြောလိုက်မိတယ်"
ရှောင်းကျန့်က ခေါင်းငိုက်စိုက်ကျသွားရင်းနဲ့ ခေတ္တတိတ်ဆိတ်နေပြီးနောက်တော့ သက်ပြင်းချတယ်။
"အတော်အတွေးလွန်တဲ့ကလေးစုတ်လေးပဲ... "
"ကျန့်အာ... "
"ဟုတ်တယ်... ကျွန်တော့်ကိုယုံကြည်ရမှာလေ... သူပြန်တိုင်လို့တောင်ရသေးတယ်"
"သူက ဒီလိုကလေးမဟုတ်လို့ပေါ့ လူဆိုးလေးရဲ့ "
မေမေက သူ့နားထင်ကိုလက်ညှိုးထိပ်နဲ့ ဖွဖွထိုးတယ်။
"ကျန့်အာနော်... ရင့်ကျက်မလိုလိုနဲ့ ကလေးအပေါ် မင်းအနိုင်ယူတုန်း... ဒါကိုမေမေတကယ်မကြိုက်ဘူး"
![](https://img.wattpad.com/cover/270366716-288-k610398.jpg)
YOU ARE READING
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanfictionDon't come into my life No... if you have a plan to leave me , don't come in...