15. မင်းနဲ့ငါကညီအစ်ကို

5.4K 603 41
                                        

ရေတစ်ဝက်ဖြည့်ထားတဲ့ ရေချိုးကန်မှာ တစ်ဝက်က ဆပ်ပြာမြှုပ်တွေဖုံးနေတယ်။

"ချွတ်လေ အင်္ကျီတွေ"

အူကြောင်ကြောင်လုပ်နေတဲ့သူ့ကို ကိုကိုက အမိန့်မဆန်တဲ့လေသံနဲ့ ပြောလာတယ်။

နူးညံ့တာရယ်လို့လည်းမဟုတ်။

"ဟို... ဟိုဖက် လှည့်ပေး"

"အင်းအင်း... "

ရှောင်းကျန့်ဟိုဖက်လှည့်လိုက်မှ သူသက်ပြင်းခိုးချရတယ်။ ဘယ်လိုအခြေအနေကြီးမှန်းမသိတဲ့အတွက် ရိပေါ် ဂုတ်ပိုးတွေပါဖျင်းခနဲဖြစ်လာရတယ်။

ရိပေါ်က ဒဏ်ရာမရှိတဲ့ ခြေထောက်တစ်ဖက်ကိုအားပြုပြီး အင်္ကျီဘောင်းဘီတွေကိုချွတ်လိုက်တယ်။

​အတွင်းခံဘောင်းဘီတစ်ထည်သာကျန်တော့တဲ့အချိန်မှာ သူရေချိုးကန်ထဲဆင်းဖို့လုပ်တယ်။

​ရေချိုးကန်ရဲ့ ဘောင်ကို နာနေတဲ့ခြေတစ်ဖက်နဲ့ကျော်ဝင်ဖို့ဆိုတာ
အတော်လေးခက်ခဲတဲ့ကိစ္စပဲ။

ဝမ်ရိပေါ် ကြိုးစားပေမယ့် ယိုင်ခနဲလဲကျသွားတယ်။

တင်ပါးနဲ့ပစ်ကျပြီးနာသွားလိမ့်မယ်လို့ ထင်ပေမယ့် သူ့ကိုဖမ်းဆွဲထားတာ​ကိုခံစားလိုက်ရတယ်။

"ကို.. ကို"

အလိုမကျဟန် စုပ်သတ်ပြီးနောက်တော့ ရှောင်းကျန့်ရဲ့ ပွေ့,မ လိုက်မှုနဲ့အတူ ရိပေါ်ဟာရေကန်ထဲ ရောက်သွားတယ်။

"မင်း... ဟင်း"

တစ်ခုခုကိုပြောဖို့ ဟန်ပြင်ပြီးမှ ရှောင်းကျန့်သက်ပြင်းလေးလေးချလိုက်တယ်။

​ကြွတ်ကြွတ်အိတ်စွပ်ထားတဲ့ ခြေထောက်တစ်ဖက်ကတော့ ရေချိုးကန်ဘောင်ပေါ်မှာ ထိုးထောင်ပြီးထွက်နေတယ်။

"နမော်နမဲ့နဲ့ ရိပေါ်ရယ်"

တစ်ယောက်တည်းရေရွတ်ဟန်နဲ့ ပြောသံကိုကြားတော့ ရိပေါ်က တိတ်တိတ်ကလေးခိုးကြ်ည့တယ။

အဲ့ဒီ့ကျတော့လည်း ဘာကြည့်တာလဲဆိုတဲ့ ပုံစံမျိုးနဲ့ မျက်ခုံးတွေကို ချိုးချထားသေးတယ်။

ရေကန်ထဲက ဆပ်ပြာမြှုပ်တွေကိုယူပြီး ရိပေါ်ရဲ့ ပုခုံးသားဖွေးဖွေးကို ပွတ်တိုက်ပေးတယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Où les histoires vivent. Découvrez maintenant