Unicode
"အထောက်အထား ခိုင်လုံတာမို့ ကျွန်တော်တို့ဖက်က ဖမ်းဆီးခွင့်အပြည့်အဝရှိပါတယ်... ဒါကြောင့်မပူပါနဲ့... အစ်ကို့ အမျိုးသားကိုပဲ အစ်ကိုဂရုစိုက်ပေးလိုက်ပါ"
ရှောင်းကျန့် ကုမ္ပဏီအလုပ်တွေကို ယုံကြည်ရတဲ့ ဒုဥက္ကဋ္ဌကိုသာ လွှဲပေးထားပြီး အန္တရာယ်ရှင်းထုတ်ဖို့ပဲ အာရုံထားဖြစ်တယ်။
နေကောင်းတာမဟုတ်သေးတဲ့ရိပေါ်ကလည်း တမှိုင်မှိုင်တတွေတွေနဲ့မို့။
"အဟွတ်... အဟွတ်"
အခန်းဝရောက်တာနဲ့ တံခါးကိုကျော်ပြီးထွက်လာတဲ့ ချောင်းဆိုးသံလေးကြောင့် ရှောင်းကျန့် သက်ပြင်းအနည်းငယ်ချမိလိုက်တယ်။
နှစ်ရက်ကြာပြီဖြစ်တာတောင် ရိပေါ်က အဖျားတက်လိုက်ကျလိုက်ပဲ။
"ကိုကို... "
တံခါးဖွင့်သံကြားတော့ အခန်းဝဖက်ခေါင်းလေးငဲ့ကြည့်တယ်။
"သက်သာလား ရိပေါ်"
"ဟုတ်... "
"စိတ်မပူနဲ့တော့နော်... သူတို့ ဝရန်းတွေလည်း ထုတ်ထားပြီမို့"
ရှောင်းကျန့်ရဲ့နှစ်သိမ့်စကားကြောင့် စိတ်ချသွားဟန်ပါပဲ။ ခပ်ဖျော့ဖျော့လေးပြုံးပြနေတယ်။ ရိပေါ်က စိတ်နူးညံ့တဲ့ ကလေးတစ်ယောက်။
"မြန်မြန်နေကောင်းအောင်လုပ်ကွာ"
"ကိုကို မင်း ကတာတွေ ကြည့်ချင်နေပြီ"
ရှောင်းကျန့်က ပါးကိုအသာဆွဲတော့ သွားတွေပေါ်တဲ့အထိပြုံးပြရှာတယ်။ပြီးတော့ ခေါင်းလေး တလှုပ်လှုပ်ညိတ်လေတယ်။
•
•
•
ရိပေါ်က အိပ်ရာထဲမနေချင်လို့ဆိုတဲ့ စကားကြောင့် မီးဖိုချောင်ထဲမှာ နှစ်ယောက်သားထိုင်နေကြတယ်။ ရှောင်းကျန့်က ထမင်းစားနိုင်ပေမယ့် ရိပေါ်ကတော့ အခုထိဆန်ပြုတ်ပဲ။
"နည်းနည်းတောင် ပိန်သွားတယ် ကိုကို့ကောင်လေးက"
ဇွန်းကိုင်ထားတဲ့ လက်တွေကိုကြည့်ပြီး ရေရွတ်တော့ အားနာပြုံးလေးပြုံးရှာတယ်။
أنت تقرأ
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
أدب الهواةDon't come into my life No... if you have a plan to leave me , don't come in...