29.ဒေါသနှင့်နားလည်ရခက်ခြင်း

3.5K 439 30
                                        

Unicode

"ရိပေါ်... မင်း ဘာလို့ ငါ့စကားနားမထောင်ပြန်တာလဲ"

စတူဒီယိုမှာသွားကြိုတော့ လူငယ်ပိုင်းအကအဖွဲ့တစ်ခုနဲ့အတူ ဝမ်ရိပေါ်က ထွက်သွားတယ်ဆိုကတည်းက တရားမဝင်အကပြိုင်ပွဲတွေကိုသွားတယ်ဆိုတာ ရှောင်းကျန့်သိလိုက်တယ်။

ဆံပင်တွေကို ငွေရောင်တောက်တောက် အရောင်တွေဆိုးပြီး အိမ်ပြန်လာပြီးတဲ့နောက် ဝမ်ရိပေါ်က သူ့ပေါင်ပေ့မဟုတ်တော့သလိုပဲ။

သူ အော်ငေါက်တဲ့အခါ အမြဲမျက်ရည်တွေ အိဝိုင်းနေကျ ကလေးက ဂျစ်ကန်ကန်ဖြစ်လာတယ်။

ချစ်ဖို့ကောင်းအောင် အကြောတင်းတာမျိုးမဟုတ်ဘဲ ရိုက်ချင်စဖွယ် အကြောတင်းတာမျိုးဖြစ်လာတယ်။

တတူတူမြည်နေတဲ့ဖုန်းအကျမှာ ဖုန်းအော်ပရေတာက မအားသေးကြောင်းပြောလာတဲ့အသံပဲရှောင်းကျန့်ပြန်ရတယ်။

တစ်ခုခုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။

ရှောင်းကျန့်စိတ်တိုပေမယ့် စိတ်ကိုအဆုံးထိဆွဲဆန့်ရင်းနဲ့ ရိပေါ်အိမ်ပြန်အလာကိုစောင့်တယ်။

အမွေးညိုညိုနဲ့ ဗစ်တာကတော့ ရှောင်းကျန့်ရဲ့ ခြေထောက်ကြားမှာ ပွတ်သပ်လို့ အပျင်းကြောစွဲပြနေလေတယ်။

ရိပေါ်က ပြောင်းလဲသွားတာ မေမေ ပြန်သွားကတည်းကပဲ။

"သားတို့ချင်းအဆင်ပြေရင် မငြင်းဘူး"ဆိုတဲ့ မေမေ့စကားကြောင့် သူ့မှာတော့ ဒီကလေးကိုပဲ အဆုံးထိလက်တွဲဖို့ ဆုံးဖြတ်ခဲ့ပေမယ့်

ဒီကလေးကတော့ အချိုးတွေပြောင်းလာလေတယ်။

အတွေးတွေရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာပဲ ဆံပင်အစိမ်းရောင်ပြောင်းနေတဲ့ ခေါင်းတစ်လုံးက အိမ်ထဲကို တလှိမ့်လှိမ့ဝင်လာတယ်။

"ရိပေါ်... "

"ကျွန်တော် အိပ်ချင်ပြီကိုကို မနက်မှဆူတော့"

ရှောင်းကျန့် သက်ပြင်းကိုခပ်ပြင်းပြင်းသာချတော့တယ်။

ဘာတွေမှားနေလဲ အဖြေမှန်ရှာလို့မရတဲ့အထိပါပဲ။

•••••

"ပေါင်ပေ့... "

ရုပ်ရှင်အတူကြည့်ချိန်တွေက အချိန်တွေရွေ့လာတာနဲ့အမျှပျောက်ဆုံးလာတယ်။ ရှောင်းကျန့်ကပဲ သတင်းတွေကြည့်ပြီး အိပ်ရာဝင်တဲ့အကျင့်ပြန်လုပ်ယူရတယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Where stories live. Discover now