2. သူက ဂြိုလ်ဆိုးကောင်

5.5K 660 29
                                    

Unicode

ရှောင်းကျန့် စိတ်မကြည်ဘူး။ မေမေက သူ့ကို ခြံထဲမှာ နေခိုင်းထားတယ်။ ငယ်တော့တဲ့အရွယ်မဟုတ်လို့ မရိုက်ချင်ဘူးတဲ့။

​ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက သူ့ပတွက် ဂြိုလ်ဆိုးဖြစ်လာတယ်။

ဘောလုံးကခေါင်းကိုလာမှန်လို့ စိတ်တိုပြီး ဆောင့်တွန်းလိုက်ရာကနေ အခက်မသင့်ဘဲ လန်ကျသွားရင်း ကြမ်းပြင်နဲ့ ခေါင်းနဲ့ဆောင့်မိသွားတယ်။

အရှိန်မထိန်းလိုက်နိုင်တာကြောင့် ဝမ်ရိပေါ်လက်မှာ ပွန်းရာကြီးက အတော်လေးကြီးသွားတယ်။

မေမေက သူ့ကိုမျက်ထောင့်နီနဲ့ကြည့်ပြီး မျက်ရည်တွေစီးကျနေတဲ့ ဟိုဂြိုလ်ကောင်ကို အိမ်ထဲကို ချော့ခေါ်သွားတော့တာပဲ။

မကောင်းတဲ့ဦးလေးကြီးကတော့ အိမ်မှာမရှိတဲ့အချိန်ဖြစ်တာကြောင့် ဒါတွေကို သိမယ်မထင်သေးဘူး။

"တီ တီ တီ. . .  "

ခြံထဲကို ဝင်လာတဲ့ကားသံနဲ့အတူ ထောင်ထောင်မောင်းမောင်းနဲ့ ဝမ်လူကြီးက ဆင်းလာတယ်။

" အယ် ကျန့်အာ...  သားဘာလုပ်နေတာလဲ "

ကားတံခါးဆွဲဖွင့်ရင်းတန်းလန်းသူ့ကိုမေးတယ်။ ဟန်ဆောင်ပန်ဆောင်ဂရုစိုက်ပြတာမျိုးတွေ မလိုချင်ဘူး။ တကယ်စိတ်ရှုပ်ရတယ်။

"ဘာမှမဖြစ်ဘူး ဒီအတိုင်းပဲ"

ရိုးရိုးတန်းတန်း ပြောချင်စိတ်အတိုင်းပြောမိလိုက်တယ်။ ဝန်ခံရရင် အဲ့လူကိုစကားပြောချင်စိတ်ကိုမရှိတာ။

သူ့သား ဒဏ်ရာရသွားတာသိရင် ရှောင်းကျန့်ကိုကြည်ဖြူနိုင်ပါ့မလား။

အရာရာကို ငွေနဲ့ပေးဝယ်လို့ရတယ် ထင်နေတဲ့ အဲ့လိုလူကြီးက သူ့ကိုငွေပေးပြီိးတောင် အိမ်ပေါ်က ဆင်းခိုင်းချင်ဆင်းခိုင်းလိမ့်မယ်။

ပြောလို့မရဘူး...  လူဆိုတဲ့သတ္တဝါတွေက စိတ်မှန်တာမျိုးမဟုတ်ဘူး။

••••

" ဒေါက် ဒေါက် ဒေါက် "

ရှောင်းကျန့် အိမ်ထဲ ပြန်ဝင်ရပြီး မကြာခင်ပဲ ရေမိုးချိုးပြီး အိပ်ဖို့ပြင်တယ်။ ဒီနေ့ သူကြည့်နေကျ တီဗီအစီအစဉ်လည်းမလာတာမို့ စောစောအိပ်ဖို့ စဉ်းစားထားပြီိးသား။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Onde histórias criam vida. Descubra agora