Unicode
"အဲ့ဒါဘာဖြစ်နေကြတာလဲ"
တုန်တုန်လှုပ်လှုပ်နဲ့ ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ မေမေ့အသံကြောင့် ရှောင်းကျန့်တို့မှာ အထိတ်တလန့်။
မထင်မှတ်ထားပဲ အိမ်လာလည်တဲ့ မေမေက အချိန်ကိုက်ကိုရောက်လာခဲ့တာ။
ထွေးဖက်ထားတဲ့ပုံစံကနေ နှစ်ဦးသားခွာလိုက်ပြီး မျက်ရည်တွေဝဲကာတုန်လှုပ်နေတဲ့ မေမေ့ကို အကြောင်သားကြည့်နေမိတယ်။
"မေမေ... ကျွန်တော် ရှင်းပြမယ်"
သူ့စကားကိုတောင်နားမထောင်တော့တဲ့ မေမေက မျက်ရည်တွေစီးကျလို့ ။
"ရှောင်းကျန့် !!! ရှောင်းကျန့်ရယ်... "
မတ်မတ်ရပ်နေတဲ့ ရှောင်းကျန့်ရဲ့အနားကို မာမားရမ်လီက ရောက်လာပြီး လက်သီးဆုပ်တွေနဲ့ ရင်ဘတ်ကိုထုရိုက်တော့တယ်။
"မား... ကိုကိုမမှားပါဘူး ကျွန်တော့်ကိုလုပ်ပါ"
လန့်သွားဟန်ရှိတဲ့ ဝမ်ရိပေါ်ကလည်း ငိုသံစက်လက်နဲ့ ရမ်လီအနားမှာ တဖွဖွဆိုတယ်။
"ရိပေါ်... အခန်းထဲသွားနေ"
"မနေဘူး ကိုကို"
ကိုကိုက အသံငြိမ်ငြိမ်နဲ့ သူ့ကိုအိမ်ထဲမှာနေဖို့ပြောပေမယ့် ကိုကိုတစ်ယောက်တည်းရင်ဆိုင်ခွင့်မပြုနိုင်။
တစ်စုံတစ်ယောက်မှ အမှားမလုပ်ထားတဲ့အတွက်ကြောင့် အတူတူရင်ဆိုင်ချင်တယ်။
"မား... မား... ကိုကို့ကိုမလုပ်ပါနဲ့ မားရယ်"
ထုရိုက်နေတဲ့ လက်တွေကို အသာဆုပ်ကိုင်တော့ ရမ်လီက ခေါင်းကို အတင်းလွှဲယမ်းတယ်။
မျက်ရည်တွေကလည်း တနင့်တပိုး။
"သားတို့ မဟုတ်ပါဘူးနော် မာမား တွေးသလိုမဟုတ်ဘူးမလားဟင်"
ရုတ်တရက်မို့ အတော်လေးတုန်လှုပ်သွားဟန်ရှိတဲ့မေမေ လက်မခံနိုင်တာကိုလည်း ရှောင်းကျန့် နားလည်ပေးလို့ရတယ်။
"အားပေါ်ရယ်... ကျန့်အာရယ်... နင်တို့ငါ့ကိုသာ သတ်လိူက်ပါတော့"
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanficDon't come into my life No... if you have a plan to leave me , don't come in...