Extra: အထင်လွဲပြီးအော်ငေါက်ခြင်း

3.6K 218 18
                                        

စားပွဲရှေ့ကို လာချတဲ့ မာလာဟင်းက မွှေးကြိုက်နေတယ်။ လူမှုရေးသိတတ်တဲ့ ကလေးပီပီ ရိပေါ်က သဝန်တိုတာကို ဘေးချိတ်ပြီးတောင် ကိုကို့ကို အရင်ထည့်ပေးတယ်။ နောက်ပြီး အစ်မအန်ဂျယ် ပန်းကန်ထဲကိုလည်း ထည့်ပေးလိုက်တယ်။

"ရိပေါ်လည်း ထည့်စားလေ"

ပင်လယ်စာဆိုတအားကြိုက်တဲ့ရိပေါ်က ဂဏန်းလက်မကို တဂျွတ်ဂျွတ်နဲ့ကိုက်ပြီး ဟင်းအနှစ်တွေကိုပါ စုပ်စုပ်ပြီးစားတယ်။

ဒါကိုမြင်တဲ့ ရှောင်းကျန့်ကတော့ ကြိတ်ပြီးသဘောကျနေတယ်။

အန်ဂျယ့်ကိုပဲ ရေငှဲ့ပေးပြီး သူ့ကိုငှဲ့ပေးမလား မျှော်လင့်နေတဲ့ မျက်လုံးလေးက ကလယ်ကလယ်နဲ့မို့။

စားနေရင်းနဲ့ အန်ဂျယ်က လည်ပင်းတွေကို ဟိုပွတ်ဒီိပွတ်လုပ်လာတယ်။ နောက်တော့ ဟင်းပွဲတွေကိုကြည့်ရင်း မအီမသာဖြစ်လာတာမို့ မေးရန်ပြင်တော့ အန်ဂျယ့်ပုံက အတော်လး အဆင်မပြေနေဟန်။

"အန်ဂျယ် အဆင်ပြေရဲ့လား"

"အန်ဂျယ် ဂဏန်းစားမိပြီထင်တယ်"

ရိပေါ်က ဂဏန်းလက်မလေးကို ကိုက်ရင်း မျက်လုံးလေးပြူးပြီးကြည့်နေတယ်။

"ညီလေး... ဒီဟင်းမှာ ဂဏန်းပါတယ်လား "

ရှောင်းကျန့်က ဘေးမှာရှိတဲ့ ဝိတ်တာကိုမေးကြည့်လိုက်တယ်။

ရိပေါ်ကလည်း မျက်လုံးမျက်ဆံပြူးလို့။

"ဟုတ်ကဲ့... ဒီဟင်းမှာ ဂဏန်းသားနဲ့ ပြည်ကြီးငါးတို့ကိုရောပြီး မာလာအနှစ်နဲ့ချက်ထားတာပါ"

တရိုတသေပြန်ပြောလိုက်တဲ့ ဝိတ်တာရဲ့စကားအဆုံးမှာ အန်ဂျယ်က ရေတွေသောက်ပြီး သူ့အိတ်ကိုလှန်လှောရှာတယ်။

"ဆေး မပါ... မပါလာဘူး အန်ဂျယ့်ဆီမှာ"

လေသံတိုးတိုးနဲ့ အားယူပြီးပြောလာတဲ့ အန်ဂျယ်က သိသိသာသာကို အနေခက်နေပြီ။

ရိပေါ်ကတော့ဘာမှဝင်မပြော။

ရှောင်းကျန့်စိတ်က ဖြတ်ခနဲတိုသွားတယ်။
ရိပေါ် တမင်တကာ မလုပ်ပါစေနဲ့လို့မျှော်လင့်ရင်း...

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Место, где живут истории. Откройте их для себя