18. ဗစ်တာရဲ့ဆိုးသွမ်းနေမှု

4.7K 572 14
                                    

Unicode

မေမေတို့ဆီကပြန်တာနဲ့ ကုမ္ပဏီမှာ အလုပ်ဝင်မယ်ဆိုတဲ့ ဝမ်ရိပေါ်က အခု အလုပ်မှမဝင်ရင်လုပ်စရာမရှိတော့ဘူး

သူ့အတွက် ကိုယ်ပိုင်စတူဒီယိုတစ်ခုရှိဖို့ ဝင်ငွေရှိမှဖြစ်မယ်။

ကဖို့အတွက်ကျတော့လည်း သူတစ်ဦးတည်းအားနဲ့ ဘယ်လိုမှအဆင်ပြေဦးမှာမဟုတ်တော့ ဝမ်ရိပေါ်က အချိန်တစ်ခုထိသည်းခံဖို့ဆုံးဖြတ်ထားတယ်။

ရှောင်းကျန့်က သူ့ကို စုန့်ကောနဲ့ပြဿနာတက်တဲ့နေ့ကတည်းက အရင်ထက်ပိုပြီးဂရုစိုက်တယ်။

သူသဘောကျပေမယ့် သူကြောက်သေးတယ်။ ရှောင်းကျန့်က တစ်ခါတလေ နားလည်ရခက်တာ သူအသိဆုံးပဲလေ။

"ရိပေါ်... မြန်မြန်စား ပြီးရင်သွားမယ်"

ဘေးအိတ်ကိုဆွဲပြီး နာရီပတ်ရင်း ထမင်းစားခန်းထဲဝင်လာတဲ့ ကိုကိုက အလျင်လိုနေဟန်မို့ ဝမ်ရိပေါ် စားလက်စကို မြန်မြန်ဖြတ်ပြီး ပန်းကန်ဆေးဖို့ပြင်လိုက်တယ်။

"ကိုကိုကရောမစားဘူးလား"

ဝမ်ရိပေါ်ကို လှည့်မကြည့် စာရွက်စာတမ်းအချို့ကို လှန်လှောရင်းခေါင်းရမ်းပြတယ်။

အလုပ်နဲ့ပက်သက်ရင် ရှောင်းကျန့်က အင်မတန်လေးနက်တယ်။

ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်စည်းနှောင်ထားဖို့လည်း ဝမ်ရိပေါ်ကို မှာတယ်။

ကိုကိုကအခုနောက်ပိုင်း သူ့ဆံပင်တွေကိူရှုပ်တယ်လို့ မခံစားရသလိုပါပဲ

ဆံပင်တွေကို စုချည်ပြီး စည်းနှောင်လိုက်ရင်း suit နဲ့အတူ ဝမ်ရိပေါ်က တစ်မျိုးကြည့်ကောင်းနေတယ်။

အရပ်ရှည်လာပြီး ခန့်ညားလာတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အတွက်တော့ ကာကွယ်ပေးချင်စရာပိုကောင်းလာတယ်လို့ခံစားမိတယ်။

ရှောင်းကျန့်ရဲ့ ညီဖြစ်သူလို့သိထားကြတဲ့ ဝမ်ရိပေါ် အလုပ်စဝင်မယ်မှန်းသိတော့ အားလုံးက တက်တက်ကြွကြွဖြစ်နေကြသလိုပဲ။

အသစ်ဝင်ခါစ ဝန်ထမ်းကောင်မလေးတွေဆို ဝမ်ရိပေါ်ဝင်လာကတည်းက အငြိမ်မနေနိုင်ဖြစ်နေကြတာ သတိထားမိတယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Donde viven las historias. Descúbrelo ahora