4. မင်းဖြစ်နေလို့ကို မုန်းတယ်

4.8K 631 17
                                    

Unicode

အင်္ကျီကော်လံကို အတင်းအကြပ်ဆွဲစုတ်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်တွေက ပြေလျော့သွားတယ်။

သူ့ရှေ့က နီးကပ်စွာရှိနေတဲ့ မျက်နှာဖောင်းပြည့်ပြည့်က အနည်းငယ်နီစွေးလာတဲ့အပြင် မျက်တောင်သေးစိပ်စိပ်ကလေးတွေက စိုစွတ်လာတာကိုတွေ့လိုက်ရတယ်။

"ကျစ်... ငါဘာလုပ်ရသေးလို့ မင်းက ငိုတာလဲ "

ပြောရင်းနဲ့ပဲ ပါးဖောင်းဖောင်းတွေအပေါ် တလှိမ့်လှိမ့်ကျလာတဲ့မျက်ရည်စတွေ။

"မေးရင် ဖြေလေ !!!"

အော်သံနဲ့အတူ တုန့်ခနဲဖြစ်သွားတဲ့ ရိပေါ်က ပါးစပ်ကလေး တလှုပ်လှုပ်နဲ့ တစ်ခုခုပြောဖို့ပြင်တယ်။

" ကိုကြီးကျန့်ကျန့်က သားကိုမကြိုက်ဘူးမလား... သားကိုမြင်ရင်... သားကြောင့် ကိုကြီးစိတ်တိုရတယ် အဲ့ဒါကြောင့်... အဲ့ဒါကြောင့်ပါ"

အဲ့ဒီ့အချိန်ပါပဲ
စိတ်မကောင်းဖြစ်ချင်တဲ့စိတ်သေးသေးက ပေါ်လာတော့တာပဲ။ ရှောင်းကျန့်က ရိပေါ်ကို သနားမိလို့ မဖြစ်တဲ့အကြောင်းတွေ ချက်ချင်းတွေးမိတော့ လှေကားပေါ်ကချက်ချင်း ပြေးဆင်းလိုက်တယ်။

လှေကားရဲ့ အကွေ့လေးမှာကျန်ခဲ့တဲ့ကောင်လေးကတော့ ငိုနေမလား ဝမ်းနည်းနေလိမ့်မလားလည်း သူစိတ်မဝင်စားတော့ဘူး။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို လျစ်လျူရှုနိုင်ဖို့ပဲကြိုးစားတယ်။

သူ့အဖေနေရာကို အစားထိုးဝင်လာခဲ့တဲ့ လူကြီး၊ အရာရာကို ငွေနဲ့အလဲအလှယ်လုပ်နိုင်တယ်လို့ ထင်နေတဲ့ လူကြီးရဲ့ သားဖြစ်နေသမျှ တော့ ဝမ်ရိပေါ်ကိုသူမုန်းနေရဦးမှာပဲ။

​ရှောင်းကျန့်ထွက်သွားတဲ့အခါ နံရံကိုကပ်ဆွဲလိုက်ရင်း ကွေးကွေးလေးထိုင်ကာကျန်ခဲ့တယ်။

​ကိုကြီးကျန့်ကျန့်ဆီမှာ သူ့အတွက် သနားညှာတာမှုတစိုးတစိမှရှိလာမယ့်ဟန်မတူ။ သူက ရှောင်းကျန့်အတွက်တော့ အနှောင့်အယှက်တွေသာပေးနိုင်တာပဲဖြစ်လိမ့်မယ်

မှုန်မှိုင်းမှိုင်းအတွေးနဲ့အတူ ဝမ်ရိပေါ် တနေကုန် ကျောင်းမှာမပျော်မရွှင်နိုင်တော့ဘူး။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Donde viven las historias. Descúbrelo ahora