8. အရိပ်မဲ့သွားတဲ့ အိမ်ငယ်လေး

4.7K 627 27
                                    

စာမေးပွဲ နောက်ဆုံးနေ့ဖြစ်တယ်။ ကျောင်းဝန်းထဲက ထွက်လာကြတဲ့ ကျောင်းသားတွေနဲ့အတူ ရှောင်းကျန့်တို့ အုပ်စုပါ တပျော်ကြီးပါလာလေရဲ့။

ကျန်းဟိုင်က စာမေးပွဲပြီးတဲ့အထိမ်းအမှတ်နဲ့တစ်ခုခုသွားစားကြဖို့ ပြောတဲ့အခါ ငြင်းတဲ့သူရယ်လို့မရှိ။

" စီချွမ်ဟော့ပေါ့ "

"အစားပုပ်ကောင်"

ရှောင်းကျန့်က အစားသိပ်မက်လွန်းတဲ့ ချန်းဖန်ရဲ့ ခေါင်းကိုလှမ်းပုတ်တော့ သူ့တို့ထဲမှာ အကောင်အသေးဆုံးဖြစ်တဲ့ ချန်းဖန်က ဆူပုပ်ပုပ်ရယ်။

"မင်းတို့ရော မစားမှာလည်းမဟုတ်ဘဲနဲ့များ "

ရယ်ရယ်မောမောနဲ့ ပေါ့ပါးစွာထွက်လာတဲ့ ခြေလှမ်းတွေက ကျောင်းဝမှာ ရပ်နေတဲ့ ကောင်လေးကိုမြင်တော့ ရပ်တန့်သွားတယ်။

ဝမ်ရိပေါ်က မျက်ရည်တွေအဝဲသားနဲ့ ကျောင်းဝမှာ ကျောင်းထဲကို တမျှော်မျှော်နဲ့ လှမ်းကြည့်နေရဲ့။ ပါးဖောင်းဖောင်းလေးတစ်ချို့ဟာ နီလို့ရဲလို့ ။

" ကျန့်ကျန့်... ဟိုမှာရိပေါ်... "

မြင်ရက်နဲ့ မမြင်ချင်ယောင်ဆောင်ပါတယ်ဆို ဒီငနဲသားတွေကတစ်မျိုး။

" ကျန့်ကျန့်... ကလေးက မင်းကိုရှာနေတယ်ထင်တယ် "

ကျန်းဟိုင်က ကြင်နာတတ်သူပီပီပဲ ရိပေါ်ကို အကဲခတ်မိသလို။

" ဘာဖြစ်ဖြစ်ကွာ "

ရှောင်းကျန့်က ဒီလို ပြောပေမဲ့ ခြေလှမ်းတွေက သူ့ကိုမမြင်သေးတဲ့ ရိပေါ်ဆီကိုပဲ ဦးတည်နေလိုက်မိတယ်။

သူ့ကိုမြင်တာနဲ့ နှာတရှုံ့ရှုံ့ထပ်လုပ်ပြီး ငိုတဲ့ ရိပေါ်။ ဒီလိုငိုတာမျိုး မြင်ဖူးတာ ရှောင်းကျန့်အတွက် ပထမဆုံးဖြစ်လိမ့်မယ်။

"ဘာဖြစ်တာလဲ... ရုပ်ကလည်း ပေပွနေတာပဲ "

"ကိုကြီးကျန့် ကျန့်... ဖေဖေ.. ဖေဖေ... ဆေးရုံ... "

ဆေးရုံဆိုတဲ့စကားကြောင့် ရှောင်းကျန့်မျက်ခုံးတွေ တွန့်ကျိုးသွားတယ်။

" ဖေဖေ့ကားကို ကားတစ်စီးက ဝင်တိုက်လိုက်တာ... "

" ဖေဖေ... ဖေဖေ့ကို ကယ်ပါဦး "

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Nơi câu chuyện tồn tại. Hãy khám phá bây giờ