အိမ်တံခါးကိုဖြတ်ဝင်လိုက်တာနဲ့ အေးစက်စက် အငွေ့အသက်တွေဟာလွှမ်းခြုံနေတယ်။
စတူဒီယိုမှာ ကိုကိုက အထက်တန်းကျောင်းတွေ့ဆုံပွဲကိစ္စအတွက် စုန့်ထျန်ဆီလာရင်း ဝမ်ရိပေါ်ကို တွေ့သွားခဲ့တယ်။
ရိပေါ်ရဲ့ ဆံပင်ရှည်ရှည်တွေကို ကိုင်ထားတဲ့ စုန့်ထျန်ရဲ့ လက်တွေကို ကြည့်ရင်း ရှောင်းကျန့် ဒေါသတွေထွက်ရတော့တာပဲ။
ကြိတ်မနိုင်ခဲမရတွေဖြစ်လာမှုနဲ့အတူ ရိပေါ်ကို ဆံပင်ညှပ်လိုက်ရန် ဖိအားပေးဖို့ပဲ အားသန်သွားတယ်။
ရိပေါ်က တကယ့်ကိုအရှုပ်ထုပ်တစ်ယောက်ဖြစ်တယ်။
"ကိုကို ကျွန်တော်ပြန်ရောက်ပါပြီ"
" ဘယ်အချိန်ရှိပြီလဲ "
" ၇ နာရီခွဲပါ "
ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်မိပုံရတဲ့ ဗစ်တာကတော့ သူ့ရဲ့ ကြီးမားတဲ့ ဖင်တုန်းကြီးကို ခါလို့ အိမ်နောက်ဖေးကို ပြောင်းအိပ်ဖို့သွားတယ်။
" စုန့်ထျန်နဲ့ သိပ်ကို ပျော်နေကြတယ် ဟုတ်လား "
ကိုကိုရဲ့ ခနဲ့သံရွဲ့သံတွေဟာ အသက်ဝင်လာတယ်။
" စုန့်ကောက ကျွန်တော်ဆံပင်မခြောက်သေးလို့ ကူသုတ်ပေးတာပါ "
" မင်း ဆံပင်က မတရားရှည်နေတာမျိူးလည်းမဟုတ်ဘူး... အိမ်မှာ ဆံပင်အခြောက်ခံစက်ရှိတာပဲ... "
" နောက်ကျနေမှာစိုးလို့ပါ "
ကိုကိုနဲ့ စကားများရင် ရိပေါ် တကယ်ပင်ပန်းတယ်။ ကိုကိုက မူလီနတ်တစ်ပါး။မတရားကိုမှ ရစ်တယ်။
" မင်း အဲ့ဆံပင်တွေ ညှပ်ပစ်လိုက်တော့ "
" ဗျာ "
"မကြားဘူးလား ငါပြောတာ "
" ကြား... ကြားပါတယ် "
ရိပေါ် စိတ်ထဲ ဝမ်းနည်းလိုက်တာ။ တနေ့တော့ ဒီစကားပြောလာမယ် ထင်ထားပေမဲ့ တကယ်တမ်းအပြောခံရတော့ စိတ်ထဲခုလုလုနဲ့။
ကိုယ့်ဆံပင် ကိုယ့်ခေါင်းပေါ် ကိုယ်တင်ထားတာပဲ... ညှပ်ပစ်စရာလားလို့ ရန်တွေ့ရင် ကိုကိုသူ့ကို အိမ်ပေါ်က ကန်ချမယ်ထင်ပါတယ်။
أنت تقرأ
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
أدب الهواةDon't come into my life No... if you have a plan to leave me , don't come in...