46. ဝက်မှိုလုံးလို့မခေါ်နဲ့...

3.3K 350 45
                                        

Unicode

"မန်နေဂျာရဲ့ အခန်းထဲကို ဝင်မွှေသွားတယ်... ပြီးတော့ ဖုန်းနံပါတ်တစ်ခုပဲပါတဲ့ ကတ်တစ်ကတ်နဲ့ စာတိုတစ်စောင်ထားသွားတယ်"

ဂျပန်ရုံးခွဲမှာ ပြဿနာတက်လို့ရှောင်းကျန့်သွားရတာ။ ရိပေါ်ကိုစိတ်ပူနေမှာစိုးရိမ်တာတစ်ကြောင်း အန္တရာယ်ကင်းမကင်းမသေချာတဲ့ ဒီခရီးကိုခေါ်ဆောင်မသွားချင်တာကတစ်ကြောင်းနဲ့ ရှောင်းကျန့်ခေါင်းကိုက်ရသေးတယ်။

​ရုံးခန်းအတွင်းမှာ ထားသွားခဲ့တယ်ဆိုတဲ့စာကိုယူကြည့်လိုက်တော့ ရှောင်းကျန့် မျက်လုံးတွေက အထိတ်တလန့်။

"နေရာတကာ ဝင်မပါသင့်ဘူး... မင်းပထွေးရဲ့အရှုပ်ကို မင်းကသိပ်ရှင်းချင်နေပါ့လား"

ဂျပန်ရောက်ရောက်ချင်း ချန်းဖန်တို့ကိုပဲ အိမ်အနားမှာ ခဏလောက်ဖြစ်ဖြစ် သွားနေပေးဖို့ ရှောင်းကျန့်အကူအညီတောင်းပြီး စီစဉ်ပေးရတယ်။

သိသွားပြီး စိတ်ပူသွားရင် ဆိုတဲ့စိတ်နဲ့ ကြိတ်စီစဉ်နေခဲ့တာမို့ ချန်းဖန်တို့ သူတို့အိမ်အနားက တိုက်ခန်းမှာ ခဏလာစောင့်ပေးတာတောင် ဝမ်ရိပေါ်မသိဘူး။

ဖုန်းဆက်တော့လည်း မျက်နှာလေးနွမ်းရုံအပြင် ဘာမှအထွေအထူးမဟုတ်တော့ ရှောင်းကျန့်မှာ အနည်းငယ်လောက်တော့ စိတ်အမောပြေရတယ်။

"ဟယ်လို ကျန်းဟိုင်... ရိပေါ်ဘယ်လိုနေလဲ"

"သူအဆင်ပြေတယ် အိမ်ထဲက အိမ်ပြင်မထွက်ဘူး... မုန့်တွေမှာစားတာတော့တွေ့တယ်"

ကျန်းဟိုင်ရဲ့ ပြောစကားကြောင်​့ ရှောင်းကျန့်ပြုံးလိုက်သေးတယ်။ တဖက်တိုက်ကနေ မှန်ဘီလူးတစ်ခုနဲ့ ထောက်လှမ်းနေတဲ့ ကျန်းဟိုင်နဲ့ ချန်းဖန်ဆိုတဲ့ နှစ်ကောင်ကိုလည်း နောက်မှ တစ်လလောက် အဝတိုက်ပစ်ဦးမယ်လို့ ရှောင်းကျန့်က တွေးထားပြီးသား။

"ဟေ့ကောင် မင်းကောင်လေးက ရှယ်စားတာပဲ"

ချန်းဖန်က လှမ်းပြောတဲ့အသံမှာ ရှောင်းကျန့် လက်တွေကို သွားနဲ့တေ့လိုက်တဲ့အထိ ရယ်မိလိုကါတယ်။ မုန့်တွေထွက်ထွက်ယူနေတဲ့ ရိပေါ်ရဲ့ ပုံစံကိုသိချင်လိုက်တာ... ကိုကို့ကိုလွမ်းတိုင်းစားမြန်းနေသလား။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Место, где живут истории. Откройте их для себя