19. ကျေးဇူးတင်ပါတယ် ပြီးတော့...

5.4K 592 19
                                        

Unicode

​ကသောကမြောနဲ့ ထထွက်သွားတဲ့ ဝမ်ရိပေါ်နောက်ကို ရှောင်းကျန့် လိုက်သွားခဲ့တယ်။

​အလုပ်ကပြန်ရောက်ရောက်ချင်းပဲ နှစ်ဦးသားက စကားအခြေအတင်များထားတာကြောင့်... ။

"ဝမ်ရိပေါ် မင်း... ပြန်လာစမ်း"

မသိချင်ယောင်ဆောင်ပြီး ဆက်သွားနေတဲ့ ရိပေါ်လက်ကိုဆွဲလိုက်တယ်။

"မင်း မှားတာလေ"

"ဘာမှားလို့လဲ ဒီတိုင်း အဲ့ဒါက ကလေးပဲဥစ္စာ"

"ဟာ... ဘာကလေးလဲ"

"ကိုကိုက မဟုတ်တာကြီး"

"ကျစ် မင်း"

ရှောင်းကျန့် အလုပ်မှာ မန်နေဂျာတစ်ယောက်ရဲ့ သမီးလေးပါလာတာ ဝမ်ရိပေါ်အနားကိုသိပ်ကပ်လို့ မနက်ကတည်းက မကြည်နေဘူးဖြစ်နေခဲ့တာ။

အလုပ်ဆင်းခါနီး break time မှာ ရိပေါ်ဆံပင်တွေကို ထိုကလေးမလေးက ကိုင်ပြီးဆော့နေတာကို မြင်တော့ ရှောင်းကျန့်စိတ်ထဲ ထောင်းခနဲထွက်သွားတဲ့ ဒေါသက ကလေးရယ်ဘာရယ်လည်းမြင်တော့တာမဟုတ်ဘူး။

ခါးထောက်ပြီးရပ်ကြည့်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ကလေးလေးက လန့်ပြီးအော်ငိုသေးတယ်။

တစ်ရုံးလုံး ပွက်ပွက်ညံသွားတဲ့အတွက် ရိပေါ်က သိပ်မကြည်တော့ဘူး.

ကိုကိုက အသက်သာကြီးတယ်... မရင့်ကျက်ဘူး။သူ့ကိုဆိုလည်း ရှိသမျှလိုက်ပိတ်ပင်သလိုခံစားရတာကို တကယ်မနှစ်သက်ဘူး။

​"ကိုကိုက လိုက်ပိတ်ပင်နေတာပဲ"

"ဘာကိုပိတ်ပင်တာ?!"

"ဟုတ်တယ်... အကုန်လုံး အကုန်လုံးပဲ ကလေးပါမချန်ဘူး စိတ်ကုန်စရာကောင်းတယ်ဗျသိလား"

ရိပေါ်က လက်ကိုအတင်းရုန်းလို့ ထွက်သွားဖို့ပြင်တယ်။

ရှောင်းကျန့်က ပိတ်ပင်တယ် ချုပ်ချယ်တယ်လို့ သုံးတာကိုတကယ်မကြိုက်ဘူး။

သူပိတ်ပင်တာမှမဟုတ်ဘဲ... ဒါကို ဘယ်သူမှနားမလည်ကြဘူး။

လက်ကိုတဖန်ဆွဲလိုက်ရင်း အခန်းထောင့်နံရံထိဆွဲခေါ်သွားတော့ ရက်ကန်ရက်ကန်ပါလာတဲ့ ရိပေါ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Where stories live. Discover now