16. နာကျင်စရာတွေစတင်ပြီ

5K 560 15
                                        

Unicode

"ကိုကို့ကို သဘောကျတယ်လို့"

"ကျွန်တော်ပြောနေတယ်လေ"

"ကိုကြီးကျန့်ကျန့်"

"ရှောင်းကျန့်!!!!"

အဆက်မပြတ်အော်နေတဲ့သူ့ဆီကို ခြေတံရှည်ကြီးတွေနဲ့ နောက်ပြန်လှည့်လာတယ်။

ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းတဲ့ ဖိညှစ်လိုက်တဲ့နာကျင်မှုကြောင့် ရိပေါ်မျက်မှောင်တွေတွန့်ကျိုးသွားတယ်။

"ငါမင်းကိုပြောပြီးပြီ ရိပေါ်... မဆိုးစမ်းနဲ့"

လက်တွေကိုလွှတ်ချပြီး ကားရပ်ထားတဲ့ဆီကို လျှောက်လာလိူက်တယ်။ သန်းခေါင်ယံနီးနေပြီမို့ ညကတိတ်ဆိတ်နေလေတယ်။

ခြေထောက်သက်သာသွားတဲ့ ရိပေါ်က အခု စတူဒီယိုမှာ အချိန်တော်တော်များများကိုကုန်ဆုံးတတ်တယ်။

စုန့်ကောရဲ့ ငြုတုတုအပြုအမူတွေကို ရှောင်ရှားရင်း အခန်းတံခါးပိတ်ချပြီး သီချင်းသံကျယ်ကျယ်နဲ့ အသားကုန်လေ့ကျင့်ပစ်နေတာ...။

ပင်ပနးလွန်းပေမယ့် သူဝါသနာပါရာမို့ ဝမ်ရိပေါ်က ပျော်ရတယ်။

ရှောင်းကျန့်က သူ့ကို အနမ်းတွေပေးပြီးကတည်းက သိသိသာသာ ရှောင်နေတာပါပဲ။

သူတကယ်မနေတတ်ဘူး။
ရှောင်းကျန့်ရဲ့ အေးစက်စက်အပြုအမူတွေဟာ အသားကျချင်စရာဖြစ်နေပေမယ့် သူ့အတွက်တော့ ငယ်ငယ်ကတည်းက အခုထိအသားမကျဘူး။

ညနေပြန်ရင် လာကြိုမယ်ဆိုတာကြောင့် ပျော်ပြီး သဘောကျကြောင်း အရဲစွန့်ပြီးပြောမိပေမယ့် ရလာသမျှက ရင်ဘတ်ထဲက တင်းကြပ်မှုအပြင်မပိုပါဘူး။

ရှောင်းကျန့် တဖက်အခြမ်းက ခုံမှာထိုင်ရင်း ကားပြတင်းပေါက်မှန်ကို ခေါင်းမှီနေတဲ့ ကောင်လေးရဲ့ အသက်ရှူသံပြင်းပြင်းကို ကြားနေရတယ်။

မျက်နှာကတော့ ဒီရက်ပင်ပန်းလို့ထင်တယ် သိသိသာသာ ချောင်ကျနေတယ်။

ဒါကိုမှ နားမလည် မျက်နှာကို အားနဲ့သွားညှစ်လိုက်သေးတယ်။

"ဝမ်ရိပေါ်... ငါ အိမ်မှာ ခေါက်ဆွဲကြော်ထားတယ် "

အလုပ်က ပြန်ပြန်ချင်း သွားမခေါ်ခင် အချိန်ရတုန်းမို့ ကြော်လိုက်တာ။ ဝမ်ရိပေါ်က မေမေကြော်တဲ့ ခေါက်ဆွဲကိုဆို သူသိပ်နှစ်သက်တာလေ။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Tempat cerita menjadi hidup. Temukan sekarang