Unicode
"ဆံပင်ညှပ်မလို့... ကျွန်တော်တစ်ယောက်ပါဗျ"
ရိပေါ်က သူ့ကိုယ်သူလက်ညှိုးတွေထိုးပြရင်းနဲ့ ဆိုင်ကောင်တာက ဝန်ထမ်းအမျိုးသမီးကို ပြောတယ်။
ရှောင်းကျန့်ကိုတော့ လှည့်မကြည့်။ နှုတ်ခမ်းမှာ ပေါက်နေတဲ့ ဒဏ်ရာက သွေးစကို မြင်တော့ အနည်းငယ်လှုပ်ရှားသွားတဲ့ ဆိုင်ဝန်ထမ်းအချို့ကြောင့် ရှောင်းကျန့်မျက်ခုံးတွေတွန့်ချိုးမိသွားတယ်။
ချစ်သူရည်းစားတွေ ဒါမျိုးဖြစ်လေ့ရှိတာ အထူးအဆန်းဟုတ်လို့လား။
"ဟုတ်ကဲ့အစ်ကို ဒါဆို ဒီဖက် ကြွပါနော်"
"ရိပေါ် ဒီဖက်လှည့်ဦး"
ဝန်ထမ်းအမျိုးသမီးခေါ်သွားတဲ့နေရာကို လိုက်မသွားခင် ရှောင်းကျန့်ခေါ်သံကြောင့် ပြန်လှည့်လာတဲ့ သူ့ရည်းစားလေး။
"နာနေလား ကိုကို အိမ်ရောက်မှ ဆေးလိမ်းပေးမယ်နော်... အခုတော့ ဒါလေးနဲ့ဖိထား"
ဆိုင်ကောင်တာပေါ်မှာတင်ထားတဲ့ Tissue box ထဲက တစ်ရွက်ကို ဆွဲထုတ်ပြီး နှုတ်ခမ်းတွေပေါ် တယုတယပွတ်ဆွဲသုတ်ပေးရင်း ဒဏ်ရာပေါ်ဖိပေးရင်း လွှတ်လိုက်တော့ အနားမှာရှိနေတဲ့ ကောင်မလေးတစ်ချို့ရဲ့ လှုပ်ရှားသွားတဲ့မျက်ဝန်းတွေကို သတိထားမိလိုက်တယ်။
"ဪ ဒါနဲ့ ညီမ... Stylist က ယောက်ျားလေးနဲ့ပဲလုပ်ပေးပါ"
ရှောင်းကျန့်ရဲ့ တိကျပြတ်သားနေတဲ့ အသံကြောင့် ဝန်ထမ်းအမျိုးသမီးက ခေါင်းတညိတ်ညိတ်အပြင်ဘာသံမှထွက်မလာတော့ဘူး။
စိတ်မချခြင်းတွေ ဘေးချိတ်လို့ ရိပေါ်နောက်က ရှောင်းကျန့်လိုက်သွားရတာပဲ။
ရိပေါ်ထိုင်လိုက်တဲ့နေရာနဲ့ ခပ်နီးနီးက ဧည့်စောင့်ခုံမှာရှောင်းကျန့်ထိုင်စောင့်ရင်း stylist ပြုမူသမျှကိုလိုက်ကြည့်နေလိုက်တယ်။
အမှန်တိုင်းပြောရရင် ရှောင်းကျန့် ရိပေါ်ရဲ့ ဆံပင်ရှည်တွေကို နှစ်သက်လွန်းပါတယ်။ ကပိုကယိုနဲ့ ဖရိုဖရဲစည်းနှောင်ထားတတ်တဲ့ ရိပေါ်က မျက်နှာပေါ်ဝဲကျနေတဲ့ ဆံစရှည်ရှည်တွေကြားမှာ တကယ်ပဲ ရင်ခုန်ချင်စရာကောင်းပါတယ်။
![](https://img.wattpad.com/cover/270366716-288-k610398.jpg)
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanficDon't come into my life No... if you have a plan to leave me , don't come in...