Unicode
"မေးနေတာကိုဖြေလေ!!"
ရှောင်းကျန့် မထုံတတ်တေးလုပ်နေတဲ့ ကောင်လေးကို ကြည့်ရင်း ကြည့်ရင်း ဒေါသတွေက ထိန်းချုပ်ဖို့ ခက်ခဲလာတယ်။
အံကိုအတင်းကြိတ်ပြီး မေးသမျှ နှုတ်ပိတ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်တွေပိုရှုပ်ထွေးလာရတယ်။
"ရိပေါ်ရယ်... "
လက်လျှော့လိုက်တဲ့ လေသံနဲ့အတူ ရှောင်းကျန့်က တင်းထားသမျှတွေကိုဖြေလျော့ရင်း ခြေကုန်လက်ပမ်းကျသွားဟန် ခပ်လျော့လျော့ထိုင်တယ်။
လက်တွေက ဆံပင်တွေကြားထဲ အကြမ်းပတမ်းထိုးဖွလိုက်ရင်း သက်ပြင်းကြီးကြီးမားမားချရတာပဲ
"မင်းကို ကိုယ်ဘယ်လိုလုပ်ရမလဲ"
ရိပေါ်က ပုံစံမပျက် ကုတင်ပေါ်မှာ ပက်လက်ကလေးရှိနေတုန်း။
သူ့ကိုကျောပေးရင်း ကုတင်ပေါ်မှာ ခြေဆင်းထိုင်နေတဲ့ ရှောင်းကျန့်။
မျက်လုံးအိမ်ထောင့်က မျက်ရည်ကြည်တစ်စက် ခုန်ဆင်းသွားတာကို ရှောင်းကျန့်မမြင်လိုက်။
"လမ်းခွဲကြစို့"
ကျောပေးထိုင်ထားတဲ့ ကောင်လေးဆီက အသံထွက်လာတဲ့ အခါ ရှောင်းကျန့်ရဲ့ စိတ်နံရံတွေက ပစ်စလက်ခတ်ပြိုကျကုန်တယ်။
မဖြစ်လောက်ဘူးတွေးထားပေမယ့် ရုတ်တရက်ထွက်ဆိုလာတဲ့ ဒီစကားကို ရှောင်းကျန့်က လက်မခံနိုင်သေးဘူး။
"ဘာပြောတာလဲ ရိပေါ်"
"ကျွန်တော်တို့ လမ်းခွဲရအောင်... ကျွန်တော်ကိုကို့ကိုမချစ်ဘူး"
ဆက်တိုက်ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်မှာ ဆွံ့အရတယ်။ မချစ်ဘူး တဲ့လေ။
"ရိပေါ်... "
"ကျွန်တော် မချစ်ဘူးမို့လို့ လမ်းခွဲရအောင်"
"ငါက ချစ်တယ် ရိပေါ်"
ရုတ်ချည်းဆိုသလို ရိပေါ်က လှဲလျောင်းနေရာကနေ ထထိုင်တယ်။
"မင်းမညာနဲ့ ရိပေါ်... ကိုကို မင်းအကြောင်းအသိဆုံး"
"မညာဘူး... ကျွန်တော်ကိုကိို့ကို တကယ်မချစ်ဘူး"
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanficDon't come into my life No... if you have a plan to leave me , don't come in...