17. သူစိမ်း

5K 588 20
                                        

Unicode

ဝမ်ရိပေါ် ဒေါသတစ်ချို့ကြောင့် မျက်နှာဟာ အလွန်တည်တင်းနေတယ်။ စုန့်ကောက သူ့အပေါ်အများကြီး ကောင်းပေးခဲ့တယ်ဆိုတာ အမှန်တရားပေမယ့် ဒီလို လုပ်လိမ့်မယ်လို့ မထင်ထားမိတာကြောင့် ဝမ်ရိပေါ်အတွက်တော့ အကြီးကြီးတုန်လှုပ်သွားစေတယ်။

စတူဒီယိုမှာ အချိန်နဲ့လာလေ့ကျင့်တတ်တဲ့ အကဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက ပြန်ပြောလာတယ်။ ဝမ်ရိပေါ်ဟာ စုန့်ထျန်ကောရဲ့ တစ်ဦးတည်းသော ချစ်သူဖြစ်ကြောင်း...။

ဒီကောလဟာလကို ဘယ်သူစခဲ့သလဲလို့ စုံစမ်းတော့ စုန့်ထျန်ဆိုတဲ့ အဲ့ဒီ့လူကိုယ်တိုင်ပဲဖြစ်တယ်။

"စုန့်ကော... ကျွန်တော်တို့စကားပြောရအောင်"

ရူးချင်ယောင်ဆောင်နေတဲ့ စုန့်ထျန်က သူ့ကို အပြစ်ကင်းစင်သလို ပြုံးပြလာတယ်။ မုန်းပစ်ချင်စရာကောင်းနေပြီ။

"လာလေ ဟိုဖက်သွားကြတာပေါ့... ဒီမှာဆိုလူတွေနဲ့..."

ဝမ်ရိပေါ် စိတ်ပျက်မိတဲ့ အခိုက်အတန့်တွေပေါ့... လူတွေရှိမှာကြောက်ရအောင်သူတို့က ဘာတွေမဟုတ်တာလုပ်မှာမို့လို့လဲ...။

"ဒီမှာပဲ ပြောမယ်"

ရိပေါ်က ပြတ်သားတဲ့ အသံနဲ့ပြောတယ်။ ရုပ်တည်သွားတဲ့ စုန့်ကောဟာ တမဟုတ်ချင်းပဲ ပြန်လို့ပြုံးသွားတယ်...။

"ကိုယ့်ကို ဝမ်က စိတ်ဆိုးနေတာလား"

"စိတ်လည်းမဆိုးဘူး... ကျွန်တော်ပြောမယ်... အခု အားလုံးနီးပါးထင်နေတဲ့ကိစ္စက မဟုတ်ဘူးဆိုတာ ကောလည်းအသိပါ... အဲ့ဒါကို ရှင်းရှင်းလင်းလင်းလုပ်ပေးလို့ဖြစ်မလား"

"ဘာကိစ္စကိုလဲ ဝမ်ရဲ့..."

ဝမ်ရိပေါ်မျက်လုံးတွေကို အပေါ်ကိုရွေ့လျားလိုက်မိတယ်။ ဘယ်လိုဇာတ်လမ်းတွေဆက်ပြီးထွင်ဦးမှာလဲလို့သာ အော်ဟစ်ပြီး မေးလိုက်ချင်တယ်။

"စုန့်ထျန်ကောနဲ့ ကျွန်တော်နဲ့အကြောင်းတွေ မဟုတ်တာတွေ..."

စုန့်ထျန်က အပြစ်ကင်းသလိုဆက်ပြီးဟန်ဆောင်တယ်။ သဘောကောင်းချင်ယောင်ဆောင်ထားတဲ့ သူတွေဟာ သူများတွေထက် ပိုပြီးယုတ်မာတတ်တယ်ဆိုတာ အမှန်ပဲထင်တယ်။ စုန့်ကောက တကယ်ပဲ ဆက်ပြီး အရူးကွက်နင်းဖို့ပြင်တယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Où les histoires vivent. Découvrez maintenant